Give Away!Closed!

1K 77 244
                                    

Edit- GA Winners ရွေးပြီးသွားပါပြီဗျ။

Give away!(Wp only)
ဒီPartလေးက Give awayလေး အကြောင်းနဲ့ ပြောပြချင်တာလေးတွေ ရှိလို့ပါ။

BD တစ်ယောက်တည်း သီးသန့် Paid storyလုပ်ခဲ့တာ အခုလာမယ့် မုယောသွဲ့အပါအဝင် လေးပုဒ်ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဝယ်ဖို့အဆင်မပြေခဲ့တဲ့ ငယ်လေးတွေအတွက် Give awayပါ။

ဒီအောက်မှာ ကြိုက်ရာပြောပြီး မန့်သွားလို့ရပါတယ်။ ပြီးရင် BD နံပတ် လိုက်တပ်ပေးပါ့မယ်။ မနက်ဖြန်(၁၃.၅.၂၀၂၄)၊ ည(၉)နာရီမှာ Number Generator နဲ့ (၅)ယောက် ရွေးပေးပါ့မယ်ဗျ။

GAပေါက်တဲ့ငယ်လေး (၅)ယောက်လုံးက ပါဝင်ခဲ့သမျှ Projectတွေမှာ BDရေးခဲ့သမျှ short storyတွေနဲ့ BDရဲ့ paid story (4)ပုဒ်အပါအဝင်၊ နောက်ထပ် ရေးဖြစ်မယ့် paid storyတွေအထိ ဘီဒီ့ဆီကနေ fileလာယူလို့ ရမှာပဲ ဖြစ်ပါတယ်။ (အရင်ရေးခဲ့တာတွေကော၊ နောက်ရေးမယ့်ဟာတွေအားလုံး အပါအဝင်ပါဗျ)

နောက်တစ်ခု BD ထပ်ပြောချင်တာက BDရဲ့ စာဖတ်သူ ငယ်လေးတွေထဲမှာ 💿 သမားလေးတွေပါရင် အခကြေးငွေ မလိုဘဲ BDရေးသမျှ fileတိုင်းကို BDဆီ လာတောင်းလို့ရပါတယ်နော်။ ပြောမယ် ပြောမယ်နဲ့ ဒါလေးကို မပြောဖြစ်နေလို့ အခုတစ်ခါတည်း ပြောလိုက်ရပါတယ်ဗျ။
(ဘာအထောက်အထားမှ ပြစရာ မလိုပါဘူးနော် ဒီတိုင်း လာပြောရုံနဲ့ ပို့ပေးပါ့မယ်)

ပုံမှန် ရေးနေတဲ့ wpက fic updateလေးတွေလည်း လာဖို့ ရှိပါတယ်။ကျနော် မမေ့ပါဘူးဗျ။ 109,110 အနေအထားရောက်နေလို့ Paidလေးတွေ လုပ်ဖြစ်နေတာကိုတော့ နားလည်ပေးကြပါဦး။
paid storyလေးတွေကို အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမမီလိုက်သူလေးတွေအနေနဲ့လည်း စိတ်မပူပါနဲ့။ BD ပြန်တင်ပေးမှာပါ။ အချိန်တစ်ခုတော့ ကြာကောင်းကြာနိုင်မှာ ပေမယ့် ပြန်တင်ပေးဖို့ တွေးထားပါတယ်။ ဒါကြောင့် ငါတော့ မဝယ်လိုက်ရလို့၊ ငါတော့ မဝယ်လိုက်နိုင်လို့ ဆိုတာမျိုးတွေ မတွေးကြပါနဲ့နော်။ အဲ့လိုတွေ တွေးနေတာပြန်သိရရင် BDတကယ် ဝမ်းနည်းရတယ်ရယ်။

အကယ်၍များ ငယ်လေးတို့ထဲ Projectလေးတွေ လုပ်နေတာမျိုးရှိရင်လည်း BD ပါဝင်နိုင်တာမျိုးဆို လာ လက်တို့လို့ ရပါတယ်။
လုပ်တတ်တာကလည်း မတောက်တခေါက် စာရေးတတ်တာလေးပဲ ရှိလို့ စာရေးပေးဖို့ လိုရင် အားမနာဘဲ လာပြောလို့ ရကြောင်းပါဗျ။

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

SpringWhere stories live. Discover now