Part-1

9K 336 38
                                    

စတော်ဘယ်ရီဖျော်ရည်ကို ငုံ့သောက်လိုက် ရေညှိထမင်းလိပ်လေးများကို တူဖြင့်ညှပ်ကာပါးစပ်ထဲထည့်လိုက်ဖြင့် အလုပ်များနေသူလေးအား TaeYeonထိုင်ကြည့်နေမိသည်။ ပြီးတော့ တပြိုင်ထဲတွေးမိတာကား မိမိချစ်မိတာ လူလားဝက်လားဆိုပြီး....

"TaeYeon ဘာဂါလေးတစ်ခုလောက်ထပ်မှာပေးပါအုန်း ငါမဝသေးဘူး...ဒီနေ့မနက်စာမစားရသေးဘူး"

"အရမ်းဗိုက်တင်းနေအုန်းမယ်လေ Fany Yah...နေ့လည်စာမစားနိုင်ပဲနေမယ်"

"မစားဘူးလေနေ့လည်စာ...ငါဝိတ်ချနေတာ"

မြတ်စွာဘုရား.....TaeYeonစိတ်ထဲကဘုရားတမိသွားသည်။ ဝိတ်ချနေသည်တဲ့။ Cafeteria တစ်ခုလုံးမျိုချမတက် စားနေသည်ကိုဝိတ်ချနေသည်တဲ့...။

"TaeYeon Nahhhhh"

နည်းနည်းလေးအသံရှည်ဆွဲခေါ်ရင်ကို TaeYeonတို့ပျော့ချင်ချင်..ဒါ့ကြောင့်မို့ချစ်သူအလိုကျ ဘာဂါထဝယ်ပေးလိုက်ရတော့သည်။

မနက်အတန်းကလည်းလွတ်ချေပြီ....ဒါပေမဲ့Tiffanyသည်မှုပုံမရ။ အချိန်တန်လျှင်သူ့ကို စာကူလုပ်ပေးမည့်TaeYeonရှိတာမို့ သာသာယာယာပင်။

"Fany.."

"အွန်းပြော.."

"ငါ့ကို သူများအတွဲတွေခေါ်သလို Darlingတို့  Honeyတို့ဘာလို့မခေါ်တာလည်းဟင်....ခေါ်ကြည့်ပါလား.."

"ဘာ...ရူးနေလား"

ဒါပဲ...ရူးနေလားသည် သူ့ဟာလေး၏လက်သုံးစကားမှန်း TaeYeonသိ၏။ ပြီးတော့ခွီချင်သည့် မျက်နှာကြီးနှင့်တခွီးခွီးရယ်နေပြန်ပြီ။

"TaeYeon Nah နင်နဲ့ငါက သူငယ်ချင်းကနေကြိုက်လာတာလေ။ ခုမှအဲ့လိုတွေခေါ်ရင် ရယ်ချင်စရာကြီး။ လိမ်မာတယ်နော်....ဒီလိုလေးပဲကောင်းပါတယ်"

Eyesmileကြီးအတင်းဖွင့်ကာ ချော့နေသောTiffanyကြောင့် TaeYeonထပ်ပျော့သွားရပြန်သည်။ တကယ့်ကို TaeYeonအပေါ်Tiffanyလွှမ်းမိုးမှုက ပေါ့သေးသေးမဟုတ်။

"အာ..."

ထမင်းလိပ်လေးကိုတူဖြင့်ညှပ်ကာ ခွံကျွေးရင်း TaeYeonကိုTiffanyပလီလိုက်၏။ TaeYeonအားနည်းချက်ကို သူကောင်းကောင်းသိတာပေါ့။ အနုအယွအချိုအဆီကြိုက်သမား...ဒါပေမဲ့မိမိသည်ဒါမျိုးတွေ ဝါသနာမပါ။ သို့ပေမဲ့ တစ်ခါတစ်လေ လိုအပ်ရင်တော့ နည်းနည်းလေးလုပ်ပေးရတယ်လေ။ ဒါကလည်း မိန်းမမာယာတွေထဲက တစ်ကွက်မလား။  ထိုသို့သောအချိန်များဆို သဘောကျနေသော TaeYeonမျက်နှာကြီးက ထိန်းမနိုင်သိမ်းမရ။

Narcotic Where stories live. Discover now