Part-10

2.7K 289 22
                                    

အချစ်ဆိုတာဘာလဲ...တကယ်ကိုအခုထိနားမလည်။
ဒီလိုပြောလို့ ကျွန်မဟာ မကောင်းတဲ့သူဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ TaeYeon ချစ်လားမေးတဲ့အခါတိုင်း စိတ်ကျေနပ်အောင် ချစ်တယ်လို့ ပြန်ပြောခဲ့သည်ချည်း။ ဒီဘာမှန်းမသိတဲ့အရာအတွက် အဖြေလည်းမရှာချင်ပါ။

TaeYeonအနားရှိရင် ကျွန်မလုံခြုံသည်။ သူ၏ဂရုစိုက်မှုများ သဲသဲလှုပ်မှုများကို ကျွန်မမက်မောသည်။ သူ့၏ခံစားမှု အားလုံးကို ကျွန်မပဲ မောင်ပိုင်စီးထားချင်သည်။ ဒါပါပဲ..။

ပြီးတော့ ကျွန်မကသတ္တိနည်းတဲ့သူတစ်ယောက် ။ ကျွန်မနဲ့TaeYeonတွဲတာ ရင်းနှီးသူတစ်ချို့ပဲသိသည်။ တစ်ချို့ကတော့ အရင်းနှီးဆုံး သူငယ်ချင်းဟုသာထင်ကြ၏။ ကျွန်မရဲ့ အဖေနဲ့အမေ အပါအဝင်ပေါ့။ ကျွန်မတစ်ခြားမိန်းကလေးတွေကို စိတ်ဝင်စားဖို့နေစွ တွေးတောင်မတွေးကြည့်မိဖူးခဲ့။ TaeYeonမှသာ ဒီလိုဖြစ်သွားခြင်းပင်။ ပြောရလျှင် TaeYeonတစ်ယောက်ထဲအတွက် Gayပေါ့။

ပြီးတော့ကျွန်မတို့ relationshipကို အားလုံးသိအောင် ဗြောင်ချပြဖို့ သတ္တိမရှိသေး။ အသင်မဖြစ်သေးပါ။ အားလုံးရဲ့ လက်ညှိုးထိုးမှု လှောင်ရယ်မှုများကို ခံနိုင်ရည်မရှိသေးပါ။ Taeကတော့ ကျွန်မသာဘေးမှာ ရှိလျှင် မိုးကို ဒူးနဲ့တက်တိုက်မည်ဆိုသော လူသား။
တစ်ခါတစ်ရံကျလည်း သူပြောပြောနေတဲ့ အချစ်ဆိုတာကြီးကို တကယ်အံ့သြမိပါသည်။

"Tiffany သမီး...သမီးAppaကပြောစရာရှိလို့တဲ့ အောက်ခဏဆင်းခဲ့အုန်း"

"Nae Omma"

ကျောင်းပိတ်ရက်မို့ အိပ်ရာထဲမှာလှိမ့်ရင်း တောင်တောင်အီအီတွေးနေသော ကျွန်မ။ Ommaခေါ်သံကြောင့် အတွေးစပြတ်သွားရသည်။ အမြဲအလုပ်များနေတက်သော Appaက ကျွန်မကိုပြောစရာရှိတယ်ဆိုတော့ ခပ်လန့်လန့်။ မလန့်ပဲနေမလား Appaကအလိုလိုက်ပေမဲ့ စည်းကမ်းကြီးတာမို့ ငယ်ငယ်ကတည်းက တုန်နေအောင်ကြောက်ရတာလေ။

"Appa"

"သြော် ငယ်လေး...လာလေ။ လာ ဒီမှာထိုင်"

"ဟုတ်"

Appaပုံက စကားအလေးအနက်ပြောမဲ့ဟန်။

Narcotic Where stories live. Discover now