Part-6

2.8K 315 49
                                    

အရှေ့က Philoဆရာက အားကျိူးမာန်တက်သင်နေပေမဲ့ နောက်ဆုံးက Tiffanyတို့ ဖုန်းသုံးမပျက်။ လူတွေကွယ်ပြီး လုပ်ချင်တာလုပ်ရတာကိုက အရသာတစ်ခုလေ။ ရှေ့ဆုံးနားက စာဂျပိုးKim TaeYeonနဲ့ ဆရာကတော့ ဘာတွေအမေးအဖြေလုပ်ပြီး အပေးအယူတည့်နေကြသည်မသိ။

Igတစ်ခွင်ပြဲပြဲဆင်မွှေပြီးသည့်သကာလ မသုံးတာကြာ၍ဖုန်ပင်တက်နေလောက်သော Facebookဆိုသော Appထဲကို Fanyဝင်လိုက်တယ်။ ဘာရယ်မဟုတ် ကြည့်စရာများတစ်ခုခုတွေ့မလားလို့ပေါ့...။

Kim TaeYeon.
11 Jan at 3:40pm 🌍

                           ❤  

      In a new relationship

"ဘာလား" 

မသုံးတာကြာလို့ မဝင်စဖူးဝင်တော့မှ ရောက်ရောက်ခြင်းဆောက်နှင့် ထွင်းခံရသလိုNewfeedပေါ်ကဟာက...

Tiffanyအလောသုံးဆယ်ပဲ TaeYeon Timelineထဲဝင်လိုက်တော့ ပုံသစ်တစ်ပုံထပ်မံ၍တွေ့လိုက်သည်။

"Who's she?....Hint- S😝"

"မျက်နှာရူးEmojiနဲ့ မေးထားတာများ😒"

TaeYeonပုခုံးထဲကို ခေါင်းမြှုတ်ထားသော ကောင်မလေး။ ကော်ဖီရောင် ဆံပင်ညိုညိုများသာမြင်ရပြီး မျက်နှာကိုမမြင်ရချေ။

Commentအသွားအလာများကို လေ့လာသုံးသပ်ပြီးနောက် အဆိုပါကောင်မလေးသည် Seolhyunဖြစ်မှန်း Tiffanyသိလိုက်ရသည်။
Rsတင်ထားတဲ့ရက်စွဲနဲ့ကြည့်လျှင် သူတို့ဖြစ်နေတာ နှစ်ရက်တိတိရှိပြီပေါ့...။

"ဒုန်း"

စိတ်ပေါက်ပေါက်နှင့် မေ့ပြီး ခုံကိုထုချလိုက်တော့ တစ်တန်းလုံး၏အကြည့်တွေရော မျက်မှန်ပေါ်ကကျော်ပြီးကြည့်လာသော ဆရာ၏အကြည့်ကော သူ့ဆီမှာ...

"Tiffany Hwangဘာဖြစ်တာလည်း။ ဘာတွေများမကျေမနပ်ဖြစ်နေတာလည်း"

"ဟို Sam ..ပုရွတ်ဆိပ် ဟုတ်တယ် ပုရွတ်ဆိပ်တွေ့လို့ ထုလိုက်တာပါ Sam"

"အဲ့လောက် အားသုံးစရာလိုလား ပုရွက်ဆိတ်လေးတစ်ကောင်ကို"

"အရှိန်များသွားလို့ပါ Sam"

Tiffanyရှိသမျှသွားအကုန်ပေါ်အောင် ဖြီးပြီး ဆရာ့ကိုမျက်နှာချိုသွေးလိုက်ရသည်။ နို့မို့ဆို အပြစ်ပေးတာတွေ စာမေးတာတွေလာနိုင်သည်လေ။

Narcotic Where stories live. Discover now