Part-3

2.9K 342 51
                                    

Cafeteriaတွင် ထိုင်ကာ TaeYeonအလုပ်များနေ၏။ စားမည့်ဟာကို မစားပဲ ခရင်းနဲ့ ဟိုထိုးလိုက်ဒီစွလိုက်နှင့်...။ ကြာတော့ SooYoung မနေနိုင်တော့။

"Yah Yah စားမယ်ဆိုစား။ ဘာလုပ်နေတာလည်း ကစားနေတာလား"

"အင်းပါ"

မျောက်အိုကြီး အုန်းသီးမှန်နေသလိုဖြစ်နေသော TaeYeonကိုကြည့်ပြီး SooYoungသဘောပေါက်သည်။ သင်းတို့အတွဲသတ်ပြန်ပြီဆိုတာ..။

"ဘာလည်း Tiffanyနဲ့ သတ်ပြန်ပြီလား"

"ငါတို့ ပြတ်သွားပြီဟ"

SooYoung စုတ်သတ်ကာ ခေါင်းရမ်းလိုက်သည်။ သူတို့သည် တစ်လလျှင် သုံးဆယ့်တစ်ကြိမ်လောက်ပျက်နေသော အတွဲ။ TaeYeonကြောင့်တော့မဟုတ် Tiffanyအမျိူးမျိူးမွှေခြင်းကြောင့်ပင်။
သူငယ်ချင်းဝတ္တရားအရ သူတို့၏အရှုပ်တော်ပုံကို SooYoungမေးလိုက်သည်။

"ဘာလို့တဲ့တုန်း"

"Juniel ပုံတင်တဲ့ကိစ္စပေါ့ဟာ။ တကယ်က ငါ့ဘေးလာပြီး ဖြတ်ခနဲ့ရိုက်လိုက်တာဟ။ အဲ့တာကို Fanyက အဲ့ဟာမနဲ့ပဲတွဲ ငါနဲ့တွဲစရာမလိုဘူးဆိုပြီး ဖြတ်လိုက်တာ"

"အပူတွေ အပူတွေ။ ငါရည်းစားမထားရတဲ့ အဓိကအကြောင်းကနင်ပဲTaeYeon။ နင်ကြည့်ပြီး တရားရလို့။ အနည်းဆုံး အစားအသောက်ကို ချစ်တာက စိတ်သက်သာရာရတယ်"

TaeYeonဘာမှမပြော ညှောင်နာနာပုံဖြင့် အအေးကိုသောက်နေ၏။

"ဒီမျက်မှန်အဝိုင်းကကော ဘာတုန်း။ ပုံတုန်းတာ"

TaeYeonမျက်နှာပေါ်က မျက်မှန်အဝိုင်းလေးကို SooYoungမေးလိုက်သည်။ ထူးထူးခြားခြားကိုး။

"ခုတလော မျက်ရိုးကိုက်နေလို့"

"သြော်..."

ထိုစဉ် Cafeteriaထဲဝင်လာသော မချောသုံးယောက် ။ Tiffany, Jessica, HyoYeon။ ခုနက ကြက်ကြီးလည်လိမ်TaeYeonသည် ချက်ချင်းမတ်ခနဲ့ဖြစ်သွားသည်။ သို့ပေမဲ့ Tiffanyသူ့ကိုနည်းနည်းမှ အဖတ်မလုပ်ချေ။ စားစရာများယူကာ TaeYeonနှင့် တစ်ခုံကျော်မှာ သွားထိုင်၏။

"Fany ဟိုမှာ TaeYeon"

"အဲ့တာ ငါဘာလုပ်ရမှာလည်း Hyo။ စားမှာသာစား"

Narcotic Where stories live. Discover now