Part-17

2.3K 256 22
                                    

TaeYeon Unnieရဲ့exကို ပြန်တွေ့ရတာ Seolhyunစိတ်ထဲတစ်မျိုးရယ်ပါ။ ။ TaeYeon Unnieကကော အားလုံးပြန်သတိရနေပြီလား သူတို့အဆင်ပြန်ပြေနေပြီလားစတဲ့ မေးခွန်းတွေက ခေါင်းထဲပလုံစီလို့.....

ဒီလိုသူဘာလို့ အတွေးများလဲ...အဖြေကတစ်ခုထဲ။
TaeYeon Unnieကို တစ်ချိန်လုံး သဘောကျနေခဲ့တာမို့။ ဒါပေမဲ့ Seolhyunအနေနဲ့ ဘာကိုမှ လုပ်ယူမကြိုးစားခဲ့ပါ...။ Accidentဖြစ်ပြီး Tiffany Unnieကို မေ့သွားသည်ဟု ကြားတုန်းက စိတ်မကောင်းတကယ်ဖြစ်ခဲ့ရသည်။ အချစ်ကိုဆုံးရှုံးလိုက်ရတာလေ...

အမဖြစ်သူSooYoung က TaeYeonရှေ့မှာ Tiffanyအကြောင်းမပြောဖို့ သတိပေးသလို Seolhyunအနေနဲ့ကလည်း မပြောခဲ့ပါ။ ။ အသားကျနေတဲ့ သူ့ဘဝကို ဒီအတိုင်းပဲရှိစေချင်သည်.

TaeYeon Unnieနဲ့သူက ဒီအတောအတွင်း တကယ်ရင်းနှီးလာခဲ့ကြတာလေ...ဝါသနာလည်းတူ အကြိုက်ကလည်း တော်တော်များများတူကြသည်။ ယခု ဗြုန်းဆို Tiffanyကို ပြန်တွေ့လိုက်ရတော့ Seolhyunစိတ်တွေ လှုပ်ခတ်လာခဲ့တယ်...

ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်....TaeYeonကို မပိုင်ဆိုင်ထားရပေမဲ့ TaeYeonဆီက ပုံမှန်ရနေကျ နွေးထွေးမှုလေး ပျောက်သွားမှာတော့ Seolhyun ကြောက်မိပါရဲ့။ ။

"Seolhyun Nah ဘာတွေတွေးနေတာလည်း နေကောကောင်းရဲ့လား"

TaeYeonရဲ့လက်ဖဝါးနုနု သူမနဖူးပေါ်ရောက်လာမှ Seolhyun သတိဝင်လာ၏။ သူတို့ အော်ပရာ တူတူကြည့်နေကြတာ....

"အာ အင်း ကောင်းပါတယ်Unnie"

"အကြာကြီးတိတ်နေလို့လေ...."

"တမ်းမပြန်ရင်လည်း ဖြစ်တယ်မလား။ Unnieနဲ့ ဟန်မြစ်ကမ်းဘေးမှာ လမ်းလျှောက်ရအောင်လေ"

"ဟုတ်ရပါတယ် Unnie"

TaeYeonမျက်နှာပေါ် ကျေနပ်တဲ့အရိပ်လေး သန်းသွားရတယ်။ ။ ဒီညအတွက် သူအစီအစဉ်တစ်ခု ရှိတယ်လေ....သူSeolhyunကို စိတ်ဝင်စားနေတာ ဒီညဖွင့်ပြောဖို့ပေါ့။ Seolhyunကကော သူ့စိတ်ကို လက်ခံပါ့မလားဆိုတာ မသေချာ....SooYoungနဲ့နွယ်ပြီးမှ ခင်မင်လာရတဲ့ ဆက်ဆံရေးဆိုပေမဲ့ သူတို့ရင်းနှီးနေတာ တကယ်ကြာခဲ့ပြီ။ ။ ဒီကောင်မလေးရဲ့ နုညံ့မှု သိမ်မွေ့မှု အလိုက်သိမှုအားလုံးကို TaeYeonနားလည်၏။ သူနဲ့ရှိရင် အမြဲစိတ်အေးချမ်းနေရတာ~~~~~

Narcotic Dove le storie prendono vita. Scoprilo ora