Part-5

2.9K 315 42
                                    

အအေးခွက်ထဲက ပိုက်ကိုလိမ်ကာ ဂဏာမငြိမ်ဖြစ်နေသူက Tiffany..ဂဏာမငြိမ်ဆို TaeYeonတို့စားပွဲက သူနဲ့မျက်စောင်းထိုး နှစ်ခုံကျော်မှာလေ။ ထုံးစံအတိုင်း Seolhyun Juniel အပါအဝင် Tiffanyပင်မသိသော ကောင်မလေးတစ်သိုက်နှင့်။ ကျောင်းအားကစားပွဲအတွက် သီချင်းစုစီစဉ်နေကြခြင်းပင်။

TaeYeon က Musicပိုင်းမှာလည်းချွန်တော့ ဆရာတွေကအဆိုပိုင်းဆို TaeYeonကို ဝကွက်အပ်ထားသည်။ ဒီအထိTiffanyလက်ခံနိုင်သေး၏။ ယခုကား သီချင်းအကြောင်းဆွေးနွေးတာ နည်းနည်း အပိုတွေပြောတာများများဟု Tiffanyထင်မိသည်။

"Unnie ဒီ chorus အပိုဒ်ကို Unnieနဲ့ Chawတူတူဆိုမယ်လေ"

"အွန်းဒါလည်း ရတာပဲJuniel...နှစ်ယောက် အွန်းမဆိုးဘူး။ Seolhyunနဲ့ Park Jiက တေးသရုပ်ဖော်ပေါ့..."

မကြားချင်အဆုံးအကုန်ကြားနေရသောနေရာ ..။ Tiffany မြင်ပြင်းကပ်စွာပေထိုင်ပြီး အကုသိုလ်ယူနေ၏။ ယခုသူကားတစ်ယောက်ထဲ။ Hyoကလည်း Dancerထဲပါတာမို့မအား။ Jessicaကလည်း ရေကူးကလပ်တွင် crushတွေ့သည်ဟုဆိုကာ ရေကူးအသင်းဝင်ကာ ရေကူးသင်နေသည်။

"Unnie မေ့စေ့နားမှာ အချိုင့်လေးပါတာလား။ ကြည့်အုန်းရယ်မှပဲ မြင်တော့တယ်။ လုံးဝcute Typeပဲ"

"Juniel ကတော့မြှောက်ပြီဟေ့...ဘာစားမှာလည်း မှာလိုက်တော့"

"အတည်ပြောနေတာကို Unnieကလည်း"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

Kim TaeYeonနွားပွဲစားလို ဖြီးရယ်နေသည်။ အူယားကာ လိမ်ဆွဲလာချင်ရသည့်အထိ😡
စပ်စလူးခါတဲ့ဟာတွေကလည်း ခါတယ်။ Tiffanyအောင့်သက်သက် အံ့ကြိတ်ပြုံးထားသည် ကြာလာလျှင် ဖျော်ရည်ဗူးထဲက ဖျော်ရည်တွေ သူတို့ခေါင်းပေါ်ရောက်တော့မလားမသိ.။

"Noona"

သူ့ဘေးနားရောက်လာသော Nickhyun ။ မောင်ကိုကြိုက်တော့ အမကိုဖားသည်ဆိုတာ သူမှသူအစစ်။ TaecYeonနားထက် သူ့နားကိုကပ်ကာ သတင်းယူသည်။ သူ့Ok TaecYeonလေးရဲ့ အကြောင်းအကြိုက်တွေကိုပေါ့။ တစ်ခါတစ်ရံတော့ စိတ်ရှုပ်ရသည်။ ဒါပေမဲ့ ယခုတော့ကြုံလို့ဆုံလို့ အသုံးချရတော့မည်လေ။ Tiffany သဘောကျစွာပြုံးလိုက်ရင်း...

"Khyun "

ချွဲဆီပြစ်နေသော အသံဖြင့်Nickhyunကို ခေါ်လိုက်သည်။ Nickကသူ့ကို Question Markအကြည့်များဖြင့်...Tiffanyမျက်လုံးမှိတ်ကာ အချက်ပြလိုက်ပြီး..

Narcotic Where stories live. Discover now