Part-13

2.7K 304 54
                                    

"ဒါမျိုးက ဖြစ်တက်ပါတယ်။ အရာအားလုံးကို သတိရပြီး တစ်ဦးတစ်ယောက်ကိုပဲ မေ့နေတဲ့ ကိစ္စမျိုး။ အဲ့တစ်ဦးတစ်ယောက်က သူ့ရဲ့အရေးကြီးဆုံးသူလည်း ဖြစ်နိုင်သလို သူမုန်းတဲ့သူလည်းဖြစ်နိုင်တယ်"

"သူ့အချစ်ဆုံးသူငယ်ချင်းပါ ဆရာ"

"သူ့စိတ်ထဲက မှတ်မိချင်စိတ်ရှိရင် ပြန်သတိရလာနိုင်ပါတယ်။ လူနာကို သူနဲ့ပတ်သတ်တာလေးတွေ ပြပေး ပြောပေးပါ။ ဒါကို သူ့ဘက်ကလက်မခံဘူးဆိုရင်တော့ အတင်းလုပ်မယူပါနဲ့။ ဥပမာ ခေါင်းထိုးကိုက်လာတာတို့ ခါးခါးသီးသီးမသိချင်ဘူး ပြောလာတာမျိုးတို့ပေါ့။ သူ့စိတ်ခံစားချက်က အဓိကပါ"

"ဟုတ်ကဲ့ပါ Dr"

Mr Kimနဲ့SooYoungတို့ ဆရာဝန်အခန်းကနေပြန်ထွက်လာကြသည်။ အရမ်းစိုးရိမ်စရာတော့ မဟုတ်ဘူးဆို၍ နည်းနည်းစိတ်အေးရပေမဲ့ ပူတော့ပူနေမိသေးသည်။

"အန်ကယ်လ် သူရုတ်တရက်Fanyထွက်သွားလို့ စိတ်ထိခိုက်နေတဲ့အချိန်ဖြစ်သွားလို့ ဖြစ်မယ်နေမယ်"

"အန်ကယ်လ်လည်းအဲ့လိုထင်တယ်။ သမီးက Fanyကို ဘယ်လောက်တွယ်တာလိုက်လဲ။ တကယ်တော့ Hwangတောင် အန်ကယ်လ်ကို အဲ့ကိစ္စမပြောခဲ့ဘူး"

Mr Kimက Mr Hwangကိုရည်ရွယ်ပြီး ပြောလိုက်ခြင်းပါ။

"ကျွန်မတို့ အရင်ဆုံးကြိုးစားကြည့်ပြီး TaeYeonတုံ့ပြန်မှုကို ကြည့်ရအောင်။ "

သူတို့TaeYeonဆီပြန်ရောက်တော့ TaeYeonကအိပ်ရာနိုးနေပြီး Kim MaMaခွံကျွေးနေသည့် စွပ်ပြုတ်ကိုစားနေသည်။

"Appa ..SooYoung "

"နိုးနေပြီလား သမီးလေး။ နေရတာ အဆင်ပြေရဲ့လား။ မူးတာနောက်တာ"

"အွန်း အဆင်ပြေပါတယ်။ တစ်ခုပဲ ဒီလက်ကအပ်ကြီးဖြုတ်ချင်ပြီ"

"Yah အဲ့တာကတပ်ထားရအုန်းမှာလေ ။ နင်ဆိုသည်မှာလည်း ဆေးနဲ့မတည့်တာလား ဘာလားပဲ"

SooYoungအော်တော့ TaeYeonရယ်သည်။

"Dr Choiကလည်း...သူကတကယ့်ဆရာဝန်ထက်ဆိုးတယ်။ ဟုတ်ပါပြီ မဖြုတ်တော့ဘူး။ တော်ပြီOmma ...Taeဝပြီ"

"ယောကျ်ား ဆရာဝန်က ဘာတဲ့လည်း"

"သြော ်အားလုံးကောင်းပါတယ်တဲ့။ နောက်အပတ်ဆို ဆင်းလို့ရပါပြီတဲ့"

Narcotic Where stories live. Discover now