Part-14

2.9K 333 51
                                    

အဆက်သွယ်ဖြတ်ဖို့ကြိုးစားခဲ့တာက ကိုယ်။
တကယ်တမ်း အဆက်သွယ်ဖြတ်သွားတာက သူ။

သိတာပေါ့ ကိုယ့်လုပ်ရပ်က သူ့အပေါ်ရက်စက်မှန်း။ ဒါပေမဲ့ ပြောမထွက်ခဲ့။ ကိုယ်ရဲ့မျက်တောင်တစ်ချက်မခတ်တဲ့ သွေးအေးမှုကို သူမုန်းများနေပြီလား။

ရေခြားမြေခြားရောက်ကာစကတော့ ကျောင်းတက်ဖို့ လုံးပန်းရ။ ပတ်ဝန်းကျင်ဒေသနဲ့ အသားကျအောင်ကြိုးစားရနဲ့ သုံးလလောက်ထိ ကိုယ်ဟာအေးဆေးပါပဲ။

နေသားတကျ ဖြစ်လာတော့မှ ဟာတာတာခံစားချက်ကို စသတိထားမိလာတာ။ သူရော ဘယ်လိုနေမလဲဆိုတဲ့အတွေး။

ကိုယ်ကတကယ်မကောင်းတဲ့သူပါ။ တစ်ခုခုဆို သူ့ကိုပဲအမြဲတွေးမိတယ်။ ဒါကအလွမ်းဆိုတာလည်း မသိခဲ့။

အပေါင်းအသင်းတွေအများကြီး ထပ်ရခဲ့ပါတယ်။ ခင်လည်းခင်ကြပါတယ်။ ဒါပေမဲ့အားလုံးဟာ TaeYeonနဲ့ လားလားမျှမဆိုင်။

တဖြေးဖြေး ကိုယ့်နံဘေးက လျစ်ဟာမှုကို သတိထားမိချိန်မှာတော့ ကိုယ်သူ့ကို အဆက်သွယ်ဖြတ်ထားခဲ့တာ တစ်နှစ်ကျော်ကြာသွားခဲ့ ပြီမှန်းသိရတယ်။ ဒီအတောအတွင်း ရက်မပျက် သူ့အကြောင်းတွေးခဲ့မိပါတယ်။

ပထမဆုံး တွေးမိတာက သူကိုယ့်ကို မုန်းနေပြီလား။ ဒါမှမဟုတ် စောင့်မျှော်နေမလား။ TaeYeonက ကိုယ်ဘယ်လိုဆိုးဆိုး ခွင့်လွှတ်နားလည်ခဲ့သူမို့ နားလည်ပေးအုန်းမှာလား။ တကယ့်မျှော်လင့်ချက်တွေ တသီတသန်းနဲ့ပါ။

Daddyဆီ ပထမဆုံး TaeYeonအကြောင်း စကားဦးသန်းတော့ "သူတို့ အိမ်ပြောင်း သွားပြီ သမီး " တဲ့။ သူကအဲ့အိမ်ကို သိပ်ချစ်တာလေ ပြီးတော့အဲ့အိမ်လေးက ကိုယ်နဲ့သူရဲ့ အမှတ်တရတွေအများဆုံးရှိတဲ့နေရာ။ ဒါဆို အိမ်ပြောင်းတဲ့ အကြောင်းအရင်းက ဘာများလဲ။

မသုံးတာကြာတဲ့ Facebook account ကိုဝင်ပြီး သူ့accountကိုရှာတယ်။ သူ facebookမှာ မရှိတော့။ ဒါဆို Igကောဆိုတော့..Igမှာလည်း သူရှိမနေတော့။

ကိုယ်ထင်နေခဲ့တာက သူကိုယ့်အဆက်အသွယ်ကို စောင့်နေခဲ့မယ်ဆိုပြီး။

ကိုယ့်သူငယ်ချင်းတွေကို အဆက်အသွယ်ပြန်လုပ်ပြီး သူတို့ကိုTaeYeonအကြောင်းမေးတော့ သူတို့လည်း ရေရေရာရာမသိကြ။ TaeYeonသူငယ်ချင်း အများစုကလည်း ကိုယ့်ကို blockထားကြတော့ ...တကယ့်ကို ကောက်ရိုးပုံထဲက အပ်ရှာရသလိုပါပဲ။ လုံးဝကို အဆက်သွယ်ပြတ်သွားခဲ့ရတယ်။

Narcotic Where stories live. Discover now