Final

2.9K 206 25
                                    

SooYoung လက်ထဲကဝိုင်ခွက်ကို သေချာကြည့်ရင်း စကားစလိုက်တယ်...

"ကျွန်မ စည်းကျော်မိသွားပြီထင်တယ်
Soon kyu shi"

"Soo Youngက ဘာကိုပြောချင်တာလည်း"

"အခုရိုက်နေတဲ့ Dramaထဲက မင်းသားကို သဘောမကျဘူးဆိုတာကိုပေါ့။ သူကSoon Kyuကိုသိပ်အသားယူလွန်းတယ်ဆိုပြီး ပြောလိုက်မိတာ"

Choi SooYoungရဲ့မှုတ်ကုပ်ကုပ်နဲ့ ပြောတဲ့စကားကို Sunnyကခပ်ဟဟရယ်သည်။ ဒီရက်ပိုင်း သူတို့ပိုရင်းနှီးလာကြတယ်။ ရိုးပြီးနည်းနည်းထုံသလိုပုံစံနဲ့ တက္ကသိုလ်ဆရာမက ခင်ဖို့ကောင်းတယ်လေ သူ့အတွက်။

"ကျွန်မ Fanတွေဆီကကြားနေကြပါနော်။ ဘာမှမဖြစ်ပါဘူး။"

SooYoungအနေနဲ့ကလည်းသူက သူသိပ်ကြိုက်တဲ့idolနဲ့ဝိုင်တူတူသောက်ရင်း စကားပြောနေရတယ်ဆိုတာ မယုံမရဲပါပဲ။ စရင်းနှီးဖို့ လက်ကမ်းပေးခဲ့တာလည်း Sunnyဘက်ကပဲ။  ထမင်းစားဖိတ်တာတွေ  မကြာခဏလာလည်ဖို့ပြောတာတွေ။ သူကအလုပ်များတဲ့မင်းသမီးတစ်ယောက်ရဲ့ မိတ်‌ဆွေ ဖြစ်ချင်းမသိဖြစ်လာခဲ့တယ်။

"ကျွန်မဘာလို့ SooYoungကို ခင်မိလဲသိလား"

Sunnyက စားပွဲပေါ်က ဓာတ်ပုံလေးတစ်ပုံကိုဆွဲယူလိုက်တယ်။ ကျောင်းသူလေးနှစ်ဦးရဲ့ပုံ။

"သူ့နာမည်က Hyominတဲ့။ ကျွန်မရဲ့အချစ်ဆုံး အခင်မင်ရဆုံးသူငယ်ချင်း။ ကျွန်မတို့က နှစ်ကိုယ့်တစ်စိတ်တွေလေ။ ဒါပေမဲ့ သူက တက္ကသိုလ်အတူတူတက်ရမဲ့ နှစ်မှာပဲ ဆုံးသွားခဲ့တယ်။ သူကမွေးရာပါနှလုံးအားနည်းတဲ့ရောဂါရှိတယ်။ "

"ကျွန်မစိတ်မကောင်းပါဘူး Soon Kyu shi"

"SooYoungကို ပထမဆုံးတွေ့တော့ သူ့ဆီကရတဲ့ခံစားချက်မျိုးပြန်ရတယ်။ SooYoungကသူနဲ့တူတယ်။ ကျွန်မ ယုံကြည်မိတယ် ခင်မိတယ်။ ကျွန်မသူ့ကို အစားပြန်ရသလိုခံစားနေရတယ်။ "

အနည်းငယ်ရီဝေနေတဲ့ သူတို့စကားဝိုင်းဟာ ပိုလေးနက်လာသလိုပါပဲ။

"ပင်ပန်းတဲ့အခါတိုင်း သူ့ကိုသတိရမိတယ်။ အောင်မြင်မှုတွေရလာတိုင်းလည်း သူ့ကိုသတိရမိတယ်"

"ကျွန်မရှင့်ရဲ့ သူငယ်ချင်းလုပ်ပေးပါရစေ။ ပင်ပန်းလာသည်ဖြစ်စေ မွန်းကျပ်လာသည်ဖြစ်စေ Choi SooYoungရှိနေတယ်ဆိုတာ သတိရပေးပါ။ အခုကစပြီး တစ်ယောက်ထဲမဟုတ်တော့ပါဘူး...."

Narcotic Where stories live. Discover now