Part-21

1.7K 172 13
                                    

အံ့ဩစရာမကောင်းဘူးလား။ ။
တစ်လနဲ့ ဆယ့်နှစ်ရက်တိတိမှာ ကျွန်မနဲ့Seolhyunရဲ့ relationshipကအဆုံးသတ်သွားခဲ့တယ်ဆိုတာ။ တကယ်ဘာမှကို မကြာလိုက်တဲ့ အချိန်ခဏလေးပါပဲ။ တည့်တိုးပြောရရင်တော့ အဖြတ်ခံရတာပေါ့။ Seolhyunပြောခဲ့တာ ရှင်းရှင်းလေးပါ ။ တကယ်ချစ်မိသွားတဲ့သူရှိလို့ပါဆိုပြီး...

ဒီ့အတွက် ဒေါသလည်းမဖြစ်သလို အသည်းလည်းမကွဲခဲ့တာတော့ ကျွန်မကိုယ်တိုင်အသိဆုံး။ Seolhyunကိုနားလည်‌မိတယ်။ Seolhyunကတောင်းပန်ခဲ့သလို တခါထဲမှာပဲပြောခဲ့တာက Unnieလည်းကျွန်မကိုချစ်ခဲ့တာမဟုတ်ပါဘူးတဲ့ ကျွန်မတို့ကသံယောဇဉ်တွေကို အမှတ်မှားနေကြတာ ဆိုပြီးပေါ့။ ။ သူပြောတာကမှန်တယ်လို့တော့ ထင်သလိုလိုပါပဲ။ ။ သူ့ရဲ့နောက်ချစ်သူဖြစ်လာမဲ့သူက သူတဖွဖွပြောပြတက်တဲ့ Park JiYeonပါပဲ။

တကယ့်ကို အေးချမ်းတဲ့ လမ်းခွဲခြင်း။ ရှေ့ဆက်လည်းအနေရမခက်ပဲ တွေ့ကြဖို့ အရင်လိုညီအမတွေလို သူငယ်ချင်းလိုပြန်နေသွားဖို့ ကျွန်မတို့သဘောတူညီခဲ့ကြတယ်။

တကယ်တော့ ကျွန်မဆိုတာ Seolhyunဆယ်ကျော်သက်တုန်းက ခေတ္တခဏရင်ခုန်ဖူးခဲ့တဲ့သူတစ်ယောက်သာ။ ။ Seolhyunက ကျွန်မအတွက်သံယောဇဉ်တိုးရတဲ့ ညီမလေး။ ဒါကို နှစ်ယောက်လုံး အချစ်ဆို‌တဲ့ခေါင်းစဉ်အောက်အတင်းတိုး၀င်ကြည့်မိခဲ့ကြတာ။ ရလဒ်ကတော့ဒါပဲပေါ့......

စိတ်ထဲအနည်းငယ်တော့ တစ်မျိုးဖြစ်နေပေမဲ့ Seolhyunအတွက် ၀မ်းသာမိတယ်။ ကျွန်မမပေးမိခဲ့တဲ့ ချစ်ခြင်းတွေဂရုစိုက်မှုတွေ နွေးထွေးမှုတွေအပြည့်အ၀ပေးမဲ့ သူနဲ့ဆုံတွေ့ရတာ...ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကတော့ တစ်ခုခုလျစ်ဟာနေတုန်း။ ။

မသိမသာကော သိသိသာသာကော သတိရမိတာမျိုး.. မမြင်ရတော့ တွေ့ချင်တာမျိုး ဖြစ်နေတက်တယ်။ Seolhyunနဲ့တွဲနေစဉ်ကာလတစ်လျောက်လုံးမှာလဲ Tiffany အကြောင်းမတွေးမိဘူးဆို ဒါကျွန်မညာတာပဲ။ ။ အာရုံနောက်လိုက်တာ စိတ်ရှုပ်တယ် အမျိုးမျိုးညည်းတွားခဲ့တယ်။ ဒါတွေက အာရုံစိုက်မိနေတာကိုမကြိုက်လို့ ကျွန်မညည်းနေခဲ့တာလေ။

ကျွန်မအဲ့အမျိုးသမီးကို စိတ်၀င်စားနေမိတာနေမယ်။ ကျွန်မတို့တွေ့ဆုံမှုတွေက သိပ်ရေရေရာရာမရှိ ပတ်သတ်မှုတွေက သိပ်မကောင်းအဆင်မပြေခဲ့တာတောင် ကျွန်မဘာလို့ ဒီလိုဖြစ်ရတာပါလိမ့်...

Narcotic Where stories live. Discover now