Part-4

2.9K 331 87
                                    

"Ding"

ဖုန်းဆီကNotiအသံကြောင့် အိပ်ခါနီးမို့ မျက်နှာသစ်ကာ ရေသုတ်နေတဲ့ Tiffanyတန့်သွားရတယ်။

"TaeYeonများလား"

"Noona "

TaeYeonမဟုတ် message boxထဲမှာတွေ့လိုက်ရတာက Nickhyunဆိုသော ကောင်လေး၏စာ။ အနည်းငယ်စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။ ဒီကောင်လေးနဲ့နေ့တိုင်းလိုစကားပြောဖြစ်တာ TaeYeonနဲ့ပြတ်ကတည်းက။ အတော်ပင်ခင်နေပြီ။ တကယ်တမ်းတော့ စိတ်ပြေလက်ပျောက်ပါ။

"Khyun မအိပ်သေးဘူးလား"

ဘာရယ်မဟုတ် replyပြန်လိုက်တယ်။ လောလောဆယ်အဲ့အစုတ်ပလုတ်Kimကြောင့် လူက စိတ်အခြေအနေသိပ်မကောင်း။ TaeYeonသူ့ကို တကယ်ကြီးအဖတ်မလုပ်တော့တာ တစ်ပတ်ရှိပြီ။ မနက်လည်းလာမနှိုးသလို ကျောင်းလည်းတူတူမသွား။ တွေ့လျှင်လည်းရှောင်သွား၏။ ဒါကိုက သူ့ကိုပိုဒေါသဖြစ်စေနေရသည်။

"ဟုတ် မအိပ်သေးဘူးNoona။ ဒီလိုပဲ စာလုပ်ပြီးတော့ အတွေးများနေတာ။ လိုင်းပေါ်မှာ Noonaကိုတွေ့တာမို့ လှမ်းစကားပြောလိုက်တာ။ အနှောင့်အယှက် မဖြစ်ပါဘူးနော်"

"မဖြစ်ပါဘူး ရပါတယ်"

Nickhyun နဲ့ပြောနေရင်းတွေးမိတာက Kim TaeYeonကော သူ့ဟာမတွေနဲ့ ပြောနေမလားဆိုပြီး မဆီမဆိုင်တွေးမိသွား၏။ ငါနဲ့ဘာဆိုင်လို့လည်းဆိုပြီး အတွေးကိုမောင်းထုတ်လိုက်ပေမဲ့ လက်ကသူလိုင်းပေါ်ရှိမရှိကြည့်မိသွားသည်။

"ဟွန်း ရှိသားပဲ။ အရင်ကငါနဲ့ပြောရင်တော့ အတန်းရှိလို့ဘာညာနဲ့ အစောကြီးသေတယ်။ အခုဘယ်ဟာမတွေနဲ့ ပြောနေတာလည်းမသိဘူး"

"Noona ကျွန်တော် Noonaကိုရင်ဖွင့်လို့ရမလားဗျာ။ စိတ်ထဲမွန်းကျပ်နေလို့ပါ။"

ဘာလဲဟဟု Tiffanyတွေးမိသွားသည်။ သူတို့ခင်တာသိပ်မကြာသေးဘူးလေ။ crushပါသည်ဟုအော်နေခဲ့ပေမဲ့ တကယ်တမ်းတော့သူဒီလောက်ကြီး မဟုတ်ပါ။

"ရပါတယ် Khyunရဲ့"

"ကျွန်တော်တစ်ယောက်ယောက်ကို သဘောကျနေမိပြီဗျာ"

Tiffanyတွေးမိသွားတာ ငါများလားဆိုပြီ။ သူ့ဘာသာတွေးပြီး ရယ်မိသေးသည်။ ဖွင့်ပြောလို့က အဲ့Kimဂျပုအစုတ်ပလုတ်ကို ရွဲ့ကိုတွဲပြအုန်းမည်ဆိုပြီးပေါ့။

Narcotic Where stories live. Discover now