Part-22

1.6K 157 15
                                    

သေသေသပ်သပ်လှီးဖြတ်ပြီးသွားသော steakပန်းကန်လေးကို Tiffanyဆီသူလှမ်းပေးလိုက်တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ မျက်လုံးပိတ်သွားအောင်ပြုံးပြတဲ့ အပြုံးတွေကို သူပြန်လက်ခံရရှိတယ်။ ရင်ထဲအေးချမ်းလိုက်တာ။ TaeYeonသူနဲ့အတူ လိုက်ပြုံးမိတယ်။

"Tae လှီးပေးလို့လားမသိဘူး ပိုအရသာရှိနေတယ်"

TaeYeonပြုံးပဲပြုံးနေမိတယ်။ ဟုတ်တယ် သူ့အပြုံးတွေမရပ်နိုင်တာ မနေ့ကပွဲတူတူတက်ပြီးကတည်းက။ ဒီနေ့ညစာစားဖို့ကိုလည်း သူစချိန်းလိုက်တာ။ ဒီအမျိုးသမီးနဲ့နေရရင် သူ့စိတ်တွေကြည်လင်နေတာ မငြင်းနိုင်တော့...

"ဆိုတော့ ဂျပန်က ဘယ်တော့ပြန်သွားအုန်းမှာလဲ"

"အွန်း...မပြောတက်သေးဘူး ဒီရက်ပိုင်းပေါ့။ အလုပ်တွေကမပြတ်သေးဘူးလေ။"

Jacksonဆိုတဲ့အမျိုးသားကိုမြင်ယောင်လာပြီး စိတ်ထဲအောင့်တောင့်တောင့်ဖြစ်သွားရသည်။ မသွားပါနဲ့ဆိုပြီး ပိုင်စိုးပိုင်နင်းပြောလို့ကလည်းမရ...

"ဂျပန်ကအလုပ်တွေ အမြန်လက်စသပ်ခဲ့ဝောာ့"

အံ့ဩမှုကြောင့်မြင့်တက်သွား‌တဲ့ မျက်ခုံးလေးတွေကို TaeYeonမသိကျိုးကျွံပြုလိုက်သည်။ သူ့စကားတွေက နည်းနည်းဘောင်ကျော်သွားတယ်လေ။ မိတ်‌ဆွေဆိုပြီး အဆင်ပြေထားတာသိပ်မကြာသေးဘူးမလား...

"အွန်း အမြန်လက်စသပ်ပြီး ပြန်ခဲ့မယ်နော်"

"အွန်း..."

အေးစက်သွားသောလေထု...ဒါပေမဲ့ သူတို့နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေနွေးထွေးနေခဲ့သည်။ ။

"အိမ်လိုက်ပို့ပေးမယ်"

"တကူးတကနဲ့.."

"ငါလိုက်ပို့ပေးချင်လို့ပါ"

"အင်းပါ ဟုတ်ပြီ လိုက်ပို့"

အရင်လိုကျွန်မဆိုပြီးလည်း မသုံးနှုန်းဖြစ်တော့.....

အိမ်ပြန်လမ်းတစ်လျှောက် နှစ်ယောက်လုံးအတွေးများစွာနဲ့ ငြိမ်သက်လျှက်ရှိသည်။

Tiffanyရဲ့condoရှေ့ရောက်တော့...

"သွားတော့မယ်နော်Tae...ဂျပန်က‌ပြန်ရောက်မှ တွေ့ကြမယ်"

Narcotic Where stories live. Discover now