Part-20

1.6K 146 14
                                    

TaeYeonပန်းကန်ထဲကsteakကို
ဓားလေးဖြင့်သေချာလှီးပေးနေရင်း Seolhyunပြောတာကိုနားထောင်နေ၏
ဒီနေ့က သူတို့ချစ်သူသက်တမ်းတစ်လပြည့်မို့ ညစာစားနေကြတာလေ...

"အဲ့တော့အခုနောက်ထွက်မဲ့ ဆရာမင်ယူဆော့ရဲ့ စာအုပ်ကတော်တော်ပေါက်လောက်တယ်ပေါ့။ ဒါဆို Hyunတို့ စာအုပ်တိုက်အတွက်တော့ ၀မ်းသာစရာပဲ"

"အွန်း တော်တော်လည်းအလုပ်များမှာ"

ရယ်ရင်း ညည်းညည်းညူညူပြော‌နေတဲ့ကောင်မ‌လေးကို TaeYeonပြုံးကြည့်ရင်းတွေးမိသည်။ တကယ်ဖြူစင်တာပဲဟူ၍...

"ကဲ ရော့"

လှီးပြီးသားပန်းကန်ကို TaeYeonလှမ်းပေးလိုက်သည်။ ။

"Unnieကော ကုမ္ပဏီမှာ အထွေအထူးကိစ္စမရှိဘူးပေါ့"

"အွန်း မရှိဘူး။ ခုထိဝောာ့ပုံမှန်လေးပဲ။ သီချင်းအသစ်တွေ ထွက်ပေးထားလည်းမကြာသေးဘူးလေ။ ။ ပုံမှန်အတိုင်းလည်ပတ်နေပါတယ်"

" အာ အွန်း..."

ဒါပါပဲသူတို့သမီးရည်းစား စကားဝိုင်းက။ တီတီတာတာများထက် သူတို့ဒါတွေပဲ ပြောဖြစ်ကြသည်။ပြီးခဲ့တဲ့ တစ်လလုံးလည်းဒီလိုပဲ။ ။ တစ်ခါတစ်လေ ပြောရင်း တိတ်ဆိပ်သွားတာ ခဏခဏ။ ဘာလို့များလည်းဆိုပြီး
သူလည်း အဖြေမရှာတက်။။ SeolHyunကပဲစကားနည်းလို့လား သူကပဲစကားစမရှာတက်တာလားပေါ့။ နေ့တိုင်းနီးပါးလိုတော့ တွေ့သည်။ တစ်ယောက်တစ်နေ့တာ တစ်ယောက်နားထောင်ပေးသည်။ ရယ်စရာရှိလျှင်ပြောပြီး ရယ်ကြသည်။ Music Showတွေ တူတူသွားနားထောင်သည်။ မတွဲခင်ကထက် တွဲပြီးလုပ်ချင်တာတွေ အတွဲညီညီနဲ့လုပ်‌နေသလိုပါပဲ။ ။

"အာ Unnie ပြောပြအုန်းမလို့ သိလား။ Park JiYeonလေ။ Hyunတို့နှစ်ကတစ်ယောက်ပဲလေ မှတ်မိလား..Unnieနဲ့သီချင်းတောင် အတူတူလုပ်ဖူးသေးတယ်လေ"

" အာ အာ သိပြီ။ ဟိုချောချောလေး"

"အွန်း အဲ့တာ..သူHyunတို့ဆီမှာ အလုပ်၀င်နေတာ‌လေ။ Editionပိုင်းပေါ့။ အလုပ်သင်တော့မဟုတ်ဖူး ။ တစ်ခါထဲ တန်းခန့်နဲ့၀င်လာတာ။ အရည်အချင်းလည်းရှိတယ် သူက။ သိပ်တော့မဆိုးပါဘူး"

"အဲ့တော့ သူငယ်ချင်းတွေပြန်ဆုံကြတယ်ပေါ့"

"စာအုပ်တိုက်မှာ Hyunက ရာထူးပိုကြီးတယ်လေ။ အစကသူအနေခက်မှာ စိုးသေးတယ်။ ဒါပေမဲ့ သူကအေးဆေးပဲနော်။ အခုဆို‌ ကျောင်းတုန်းကထက်ကို ပိုခင်နေပြီလေ။ တစ်ခုပဲ နည်းနည်းဆရာလုပ်တယ်သူက"

Narcotic Where stories live. Discover now