Part-9

2.9K 295 48
                                    

"Tae ထတော့...Taeလို့"

ခပ်ဖွဖွလှုပ်နှိုးမှုနဲ့အတူ
ကြားလိုက်ရတဲ့ သူမအသံ..။
အိမ်မက်မက်နေပြန်ပြီ...

"Tae...TaeTae"

ဟော ကြည့်...

"KIM TAEYEON"

"ဟမ်..."

TaeYeonမျက်လုံးကို ပြူးပြဲဖွင့်ကြည့်လိုက်တော့...ဟုတ်ပါတယ် သူအိမ်မက်မမက်ပါ။ သူ့ရဲ့ Tiffanyရယ်ပါ ။ ကုတင်ကို တင်ပလွှဲထိုင်ထားပြီး သူ့ကိုလက်ပိုက်ကြည့်နေတာ။ ပိုသေချာအောင် TaeYeonသူ့လက်ကို သူခပ်ဖွဖွ ဆိပ်ကြည့်လိုက်တယ်။

"အ.."

"ဘာလုပ်တာလဲTae...ထတော့ အပျင်းတစ်မနေနဲ့။ ကျောင်းအတူတူသွားရအောင်"

ကမ္ဘာကြီးပဲ ပြောင်းပြန်လည်နေတာလား။ နေပဲအနောက်က ထွက်လာတာလား TaeYeonမသိတော့ ။ Tiffany Hwangက သူ့အခန်းထဲလာပြီး သူ့ကို လာနှိုးနေတာတဲ့လေ။

"ကြာတယ်ကွာ Tae...ဘာလဲ ငါကိုယ်တိုင်ရေချိုးပေး..."

စကားတောင်မဆုံးသေး ကုတင်ပေါ်ကထကာ ရေချိုးခန်းထဲလစ်သွားသော TaeYeon။ Tiffany သဘောကျစွာပြုံးလိုက်တယ်။ သိတာပေါ့ TaeYeonကသူဘူးချင်တာသာ ဘူးမည်။ သူ့ကို သူများကကြည့်မှာတော့ သိပ်ကြောက်သည်လေ။

TaeYeonရေချိုးနေတုန်း Tiffanyအခန်းထဲကို လျှောက်ကြည့်မိသည်။ အပြာနုရောင်...ဒီအရောင်က ဟိုးမူကြိုကတည်းက သုတ်ထားသော အရောင်။ Fanyပန်းရောင်ကို ရူးသွပ်သလို Taeဆိုတာလည်း အပြာခရေဇီမလား။ မှန်ဘီဒိုထဲ ထည့်ထားသော အရုပ်ပိစိပေါက်စလေးတွေ။ အံ့သြစရာက မူကြိုအရွယ်ကတည်းက သူပေးခဲ့သော ခွေးရုပ်လေးက ယခုချိန်ထိရှိနေဆဲ။

စနစ်တကျသပ်ရပ်နေသော စာကြည့်စားပွဲက လုံးဝသူ့စားပွဲနှင့်ဆန့်ကျင်ဘက်။ စီရီစွာတင်ထားသော စာအုပ်တစ်ထပ် စာကြည့်မီးအိမ် ဘောပင်ခွက်။ ပြီးတော့ ထောက်တင်ထားသော ဓာတ်ပုံလေးနှစ်ပုံ။

သူနဲ့TaeYeonပုံပါပဲ။ မူကြိုတုန်းက သူTaeYeonပါးကို အတင်းဖိကပ်နမ်း၍ ရှုံ့မဲ့နေသောTaeYeonနဲ့ TaeYeonပါးထဲနစ်ဝင်နေသောသူ။ အဲ့တုန်းက TaeYeonပါးကချယ်ရီသီးလို အနီရောင်သန်းနေ၍ စိတ်မထိန်းနိုင်စွာ နမ်းလိုက်မိခြင်းပင်။ အွန်း အခုတော့ ပါးကချယ်ရီသီးအရောင်က နှုတ်ခမ်းဆီရောက်သွားတာများလားလို့ Tiffanyတွေးမိသွားတော့ အနည်းငယ်ရှက်သွားရသေး၏။

Narcotic Where stories live. Discover now