Part-18

3.4K 297 54
                                    

Seolhyunရဲ့ လက်ချောင်းရှည်ရှည်လေးတွေက keyboardပေါ်မှာပြေးလွှားနေတယ်။ ။ လက်ထောက်မန်နေဂျာ ဖြစ်သွားတာမို့ ယခင်ထက်လည်း ပိုပို အလုပ်များလာရသည်.....

"Yerim.."

"Nae လက်ထောက်မန်နေဂျာ "

" H Electronic Groupရဲ့ အင်တာဗျုး...."

"အကုန်စာစီ ပြင်ဆင် ပြီးပါပြီ"

ဒီတစ်ခေါက် စာအုပ်တိုက်ရဲ့ နှစ်ပြည့်မဂ္ဂဇင်း "ငယ်ရွယ်သော အောင်မြင်သူများ"
ဆိုတဲ့ ကဏ္ဍမှာ
H Electronic Groupရဲ့ CEO Tiffany Hwangနှင့် အင်တာဗျူးလုပ်ခဲ့သည်။ မနက်ဖြန်က စာအုပ်ထုတ်မည့်နေ့လေ....ထို့အတွက် အဓိကခေါင်းစဉ်ဖြစ်သည့် ထိုကဏ္ဍကို အမှားအယွင်းမရှိအောင် သေချာမေးရခြင်းဖြစ်၏။ ပြီးတော့ ဒီနေ့ Tiffany Hwang စာအုပ်တိုက်ကိုလာလိမ့်မည်.....စာအုပ်တိုက်က ဥက္ကဋ္ဌနှင့် ရင်းရင်းနှီးနှီးတွေဆုံရန် ဓာတ်ပုံရိုက်ရန်~~~

"လက်ထောက်မန်နေဂျာကို လူတစ်ယောက်တွေ့ချင်လို့တဲ့....Kim TaeYeonလို့ပြောတယ်"

"TaeYeon Unnie"

Seolhyun လုပ်လက်စအလုပ်ကို လက်စသပ်လိုက်တယ်။ တကယ်က သူလည်း TaeYeonကို သတိရနေခဲ့တာ....ဟိုတလော ဖွင့်ပြောပြီးကတည်းက TaeYeon Unnieဟာ ပျောက်ခြင်းမလှပျောက်သွားတယ်~~~ စိတ်ထဲဝမ်းနည်းပေမဲ့ ကိုယ့်ဘာသာ ဖြေသိမ့်ရင်း Seolhyunနေခဲ့သည်။ ။ ဒာပေမဲ့ ပုံမှန်ထက်ပိုပြီး တမ်းတမ်းတတ လွမ်းလာရသည်။ ။ မြိုသိပ်ပါများလို့ ခံစားချက်တွေ ပွင့်အန်လာချင်တဲ့သဘောများလားတော့ မသိ~~~

Lobbyရောက်တော့ ပန်းစည်းအကြီးကြီးတစ်စီးကို ပွေ့ကာ ထိုင်စောင့်နေတဲ့ TaeYeonကို သူမတွေ့လိုက်တယ်~~

"Unnie.."

"Seolhyun..."

ဖြတ်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့က သူတို့ကို ခပ်ပြုံးပြုံးကြည့်သွားကြသည်။ Seolhyun ရှက်နေသလို ရင်ခုန်နေသလို ဖြစ်နေ၏။ Unnieတကယ်ပဲ ဘာလုပ်အုန်းမယ်မသိ~~~

"ရော့..."

Seolhyunယောင်နနဖြင့် ပန်းစည်းကြီးကို လက်ခံရယူလိုက်သည်။

"Unnie ဒါက ဘာအတွက်..."

"Seolhyunကို ငါချစ်တယ်...ငါ့ကို ချစ်သူအဖြစ်လက်ခံပေးနိုင်မလား~~"

Narcotic Where stories live. Discover now