Part-8

3.1K 323 59
                                    

"နင်Faဖြစ်သွားမှ ငါRsဖြစ်သွားရတာကို စိတ်တော့မကောင်းဘူးဟာ။ ဒါ့ငါ့ရည်းစား Kwon Yuriတဲ့။ ဒီကျောင်းရဲ့ ရေကူးချန်ပီယံ"

Jessica ကသူ၏အသစ်စက်စက် ရည်းစားလေးကို Tiffanyအား မိတ်ဆက်ပေးလိုက်သည်။

"Yul ဒါ Sicaရဲ့ အရင်းနှီးဆုံးနှစ်ယောက်ထဲက တစ်ယောက် Tiffanyတဲ့။ နည်းနည်းလက်ပေါက်ကပ်ပေမဲ့ ခင်ဖို့ကောင်းပါတယ်"

"Yah..ဘာလက်ပေါက်ကပ်လို့လည်း။ Yuri Shi အဲ့ကာလနဂါးမကသာ လက်ပေါက်ကပ်တာ"

Yuriကတော့ သူငယ်ချင်းနှစ်ယောက်၏ အချွန်နဲ့မနေမှုများကို ပြုံး၍နားထောင်နေသည်။

"သြော် ဒါနဲ့Fany ငါထူးထူးဆန်းဆန်းသတင်းတွေ ကြားနေလို့"

"ဘာကိုတုန်း"

"နင် နင့်Exကို ပြန်ပြီးပိုးနေတာဆို"

"ဘာ....ဘာ ကိစ္စပြန်ပိုးရမှာ။ ခြေခြေမြစ်မြစ်မရှိတဲ့ တောပြောတောင်ပြောတွေ နင်မို့ယုံတယ်"

"အေးပါ နင်TaeYeonကို မချစ်တာ ငါအသိဆုံးကို"

Jessica ရဲ့စကားဟာ Tiffanyကို အောင့်သွားစေတယ်။ ချစ်တာလား မချစ်တာလား သေချာမသိပေမဲ့ Taeကိုသူသံယောဇဉ်ရှိပါသည်။ Taeကို တခြားတစ်ယောက်နဲ့ တွဲတွေ့နေရတာ မကြိုက်ပါ။ ဒါ့ကြောင့် သူ့ဘေးကို ပြန်ရောက်လာဖို့ ဘယ်လိုလုပ်ရမလဲ တွေးနေခဲ့တာ....

"ဟဲ့ အသက်ရှည်တော့မယ် ဟိုမှာ TaeYeonတို့အတွဲ။ အမလေး ထီးလေးတစ်ချောင်းနဲ့နှစ်ယောက် ။ တစ်ကျောင်းလုံးသူတို့နှစ်ယောက်ထဲ ရှိတာကျလို့"

Jessicaပြရာကို လှမ်းကြည့်လိုက်မိပြီး Sicaရဲ့နောက်ဆက်တွဲစကားတွေက သူ့ကို မွမ်းကျပ်လာစေတယ်။

Seolhyunစာအုပ်တွေကို TaeYeonသယ်ပေးထားပြီး ထီးပါမိုးထားပေးသေး။ Seolhyunကသူ့လက်ကို ချိတ်လို့။ အပြုံးချင်းဖလှယ်ပြီး စကားပြောနေကြတာများ...
ဒီလိုမြင်ကွင်းတွေဆို သိပ်မုန်းတာပဲ။

"ကျစ်..."

အောင့်သက်သက်ညည်းလိုက်မိတာကြောင့် Jessicaကော Yuriပါ သူ့ကိုအထူးအဆန်းလို ကြည့်တယ်။

"ငါ ငါ သွားတော့မယ်ဟာ..."

ကယောင်ကတန်းထ ထွက်လာတုန်း Jessicaအသံကြောင့် သူအနည်းငယ်ရှက်သွားရသည်..

Narcotic Where stories live. Discover now