Part-15

2.6K 301 55
                                    

Korea ပြန်ရောက်တာ တစ်ပတ်မျှရှိသေးသော်လည်း Tiffany Hwangတို့ Barမှာ လာကျိုးနေရပြီလေ...

ဘယ်သူ့ကြောင့်လဲ~~~ မဖြေလည်း အဖြေကသိပြီးသားမလား...~~~ နှစ်ယောက်မရှိသောTaeYeon...တေးရေးဆရာမကြီး CEOကြီး Kim TaeYeonကြောင့်ပေါ့။

တစ်ပတ်လုံးလုံး Companyကို အကြောင်းအမျိုးပြ သွားခဲ့ပေမဲ့ သူက အဖတ်မလုပ်...သူ့ဋ္ဌာနကလူတွေနဲ့ပဲဆွေးနွေးပါဆိုပြီး လွှတ်ပေးထားခဲ့သည်။ TaeYeonမျက်နှာလေးကိုမြင်ချင်သော မိမိအဖို့အချည်းအနှီး ဖြစ်ခဲ့သည်ချည်း..။

Barမှာကျိုးသူက သူနဲ့အတူ ဘယ်ဘက် ထောင့်မှာ ခေါင်းစိုက်နေတဲ့သူတစ်ဦးသာ ရှိသည်။ သူ့ကြည့်ရတာလည်း သူအပူနဲ့သူနေမှာဟု Tiffanyတွေးမိသည်။ ဖုန်းScreenကြီးကြည့်လိုက် ပွစိပွစိ တစ်ယောက်ထဲ ရေရွတ်လိုက် တဂွပ်ဂွပ်မော့လိုက်နှင့် သူလည်းအတော်ကောင်းနေသည့်ဟန်.....

Tiffanyကတော့ အဖြေရှာနေမိသည်။
ငယ်ငယ်က သူနဲ့ပတ်သတ်လျှင် ကဲကဲဆတ်သည့် TaeYeon....စိတ်နာပြီး စိတ်မာသွားတာလား ဆိုပြီးတော့ပေါ့။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတာလည်း သိပေသိ့ အရင်စိတ်လေးက ရှိနေသေးတော့လဲ သူ့ကိုရမယ်ဖွဲ့ချင်မိသေးသည်။ဒါပေမဲ့ မလုပ်သင့်တဲ့အရာမလား....

"နောက်တစ်ခွက်ထည့်ပေးပါအုန်း"

လည်ချောင်းထဲကို ပူပူနွေးနွေးအရည်တွေထည့်မှ နှလုံးသားကအပူတွေငြိမ်းမှာ။ ဘယ်သူက သိခဲ့မှာလည်း ကိုယ့်ရဲ့တကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်က ဒီလိုထိလာမယ်ဆိုလို့....

"လွမ်းတယ် Kim TaeYeon..."

"SUNNY YAH အရမ်းရက်စက်တာပဲ...."

သူ့ရဲ့တီးတိုးရေရွတ်သံထက်ကျယ်တဲ့
အသံကြောင့် Tiffanyအာရုံနောက်မိသည်။

"ကျစ်..."

လှမ်းကြည့်လိုက်တော့လည်း ဆံပင်ရှည်များအုပ်နေ၍ သဲသဲကွဲကွဲ မမြင်ရ။ ။စိတ်ညစ်လို့အရက်သောက်ပါတယ်ဆိုမှ ....ယခုအာရုံပိုနောက်နေရသလို။

လာချပေးတဲ့ ခွက်ကိုယူကာ တရှိန်ထိုးမော့ပလိုက်တယ်။ အရာရာလိုက်ဂရုစိုက်မဲ့သူ တပူပူနဲ့စိုးရိမ်ကြောင်းပြောမဲ့သူ မရှိတဲ့နောက်ပိုင်း စိတ်ထဲ တကယ်ပြိုလဲခဲ့ရတယ်။ Tiffanyဆိုတဲ့ သူမရဲ့ဘဝမှာ TaeYeonကဘယ်လို အရေးပါကြောင်းသိရှိပြီးချိန်မှာ နောက်ကျသလောက်ဖြစ်နေခဲ့ပြီ။။ သူပြန်ရနိုင်ပါ့မလား အရင်ကTaeYeonကို ပြန်ရနိုင်အောင် ကြိုးစားနိုင်ပါ့မလား....

Narcotic Место, где живут истории. Откройте их для себя