Part-19

1.5K 162 27
                                    

အရက်ဆိုတာ မူးနေတုန်းကောင်းပေမဲ့ အရက်နာကျသည့်အခါတော့ အတော်ဆိုးသည်။ ။ မျက်လုံးကို အတင်းအားယူဖွင့်လိုက်သည့်အခါမှာတော့ အတော်လင်းသည့်အလင်းရောင်က စူးခနဲ့၀င်လာလို့ ပြန်မှိတ်လိုက်ရ၏။ ။

"နေ့လည်ရောက်နေပြီလား"

Tiffanyအိပ်ရာပေါ်မှ လူးလဲထကာ နာရီကြည့်လိုက်တော့ ဆယ်နာရီ...နောက်တောက်တောက်ဖြစ်နေသေးတာမို့ ရေချိုးခန်းဆီသွားကာရေချိူးလိုက်သည်။ အရင်ဆုံး လန်းဆန်းသွားဖို့လိုအပ်တယ်မလား...

ရေချိုးပြီးဧည့်ခန်းထဲဆင်းလာတော့ ညကသောက်ထားတဲ့ပုလင်းခွံတွေမရှိတော့ သန့်ရှင်းလျှက်...။

"Sica"

သောက်ရင်းနဲ့Jessicaဆီ တပူပူဖုန်းဆက်ခဲ့တာသတိရသွားသည်။ ။ သူလာခဲ့တာများလား....

ဖုန်းကိုကြည့်တော့အားမရှိ...အားသွင်းပလပ်ကိုတပ်ပြီး တစ်ခုခုစားဖို့တွေးရသည်။

မီးဖိုခန်းထဲက စားပွဲပေါ်မှာ စွတ်ပြုတ်ပန်းကန်တစ်လုံးနဲ့ စာရွက်လေးတစ်ရွက်..

"အမူးသမား

နိုးရင် အဲ့တာလေးစားလိုက်။ နင်အနိုးကိုမစောင့်နိုင်လို့ ငါပြန်သွားပြီ။ ။ နင်အလုပ်ပြီးရင် ငါ့ဆိုင်ကိုလာခဲ့ ။ ။ တစ်ယောက်ထဲကြိတ်သောက်နေပြီး မူးမှ နားပူမတက်ရင်ဖွင့်တာထက် မမူးပဲအေးအေးဆေး‌ဆေးပြောတာပိုကောင်းတယ်မလား"

သူငယ်ချင်းဖြစ်သူရဲ့စာကိုဖတ်ပြီး အားနာသွားရသည်။ သူ့အခြေနေက တော်တော်ဆိုးနေခဲ့ပြီလားဆိုပြီး.....

ပြီးတော့ အတွေးထဲ၀င်လာသူက Tae..

ဟင့်အင်း တော်သင့်ပြီလေ...တကယ်တဖြည်းဖြည်းအားကုန်ချင်လာပြီ။ Taeဘ၀လေးကို နှောက်ယှက်နေမိသလိုဖြစ်နေပြီလားသူက....

မပြေသေးတဲ့အရှိန်နဲ့ မကောင်းမွန်တဲ့အတွေးကြောင့် ညည်းညူလိုက်မိတယ်..

"မပျော်ဘူး..."

Sicaလုပ်ပေးထားတဲ့စွတ်ပြုတ်ဟင်းရည်ကို စားပြီးတာနဲ့ အ၀တ်လဲပြီး ရုံးသွားဖို့ရာပြင်ရတော့သည်။

အားတ၀က်၀င်နေပြီဖြစ်တဲ့ ဖုန်းကိုဖြုတ်ကာ
ပါဝါဖွင့်လိုက်တော့ အတွင်းရေးမှုးရဲ့ အ၀င်callများ...ဂျပန်ထိပ်တန်းလျှပ်စစ်ကုမ္ပဏီရဲ့ သူဠေးနဲ့အစည်းအဝေးရှိသည်ပဲ... အချိန်ကြည့်လိုက်တော့ ချိန်းထားသည့်အချိန်တော့မရောက်သေး။ ကုမ္ပဏီကို သွားဖို့ အလျင်စလိုလုပ်ရတော့သည်...

Narcotic Where stories live. Discover now