Part-16

2.5K 283 33
                                    

ကိုယ့်ရုံးခန်းကိုယ်ဝင်ဝင်ခြင်း ဆိုဖာပေါ်က မည်းမည်းရှည်ရှည်ကြီးကြောင့် ဘုရားတမိသွားတယ်။ သေချာကြည့်လိုက်တော့ လူတစ်ယောက် Long Coatကို မျက်နှာထိ ခြုံပြီးလှဲအိပ်နေတာပါ။ ဒီရှည်လျားလှတဲ့ အရပ်ကြောင့် တခြားသူမဟုတ်မှန်း TaeYeon တန်းသိလိုက်သည်။

"SooYoung ငါ့ရုံးခန်းက Hotelလား...ကျောင်းဆင်းရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်အိပ်ပါလား။"

TaeYeonအသံကြောင့် အိပ်နေတဲ့ SooYoung ထထိုင်လိုက်ရင်း.....

"Taeng TaeYeon ငါ့ရဲ့သူငယ်ချင်း နင်ငါအသဲကွဲနေတာသိတယ်မလား"

ကြားဖူးနေကြစကား တစ်ခွန်းကြောင့် TaeYeonဘာမှဆက်မပြောပဲ ခုံမှာ ခပ်လျောလျောဝင်ထိုင်ကာ အနားယူလိုက်ရင်း SooYoungဆက်ပြောမှာကို နားထောင်နေလိုက်သည်။

"ဆို..."

"Sunny က Dramaအသစ်လက်ခံလိုက်တယ်ဆို.."

"အင်း....."

"အင်း...အင်း ဟုတ်လား။ Yah Kim TaeYeon အဲ့မင်းသားက နှာဘူးမင်းသားလေ...."

"Sunny က ငါ့ ကုမ္ပဏီကဟုတ်ပါတယ်။ ဒါပေမဲ့ သူ့ဆုံးဖြတ်ချက်ကို ငါလေးစားရတယ်။ ဒီ Dramaကြောင့် သူနာမည်ပိုတက်လာနိုင်တယ်လေ...မင်းသားကလည်းနာမည်ကြီးလေ။ သူလည်း လုပ်ချင်စိတ်ရှိနေတယ် SooYoung ရ။ "

"Bed Scene တွေပါတယ်ဆို..."

"တကယ်မှ မဟုတ်ပဲ SooYoungရယ်.."

"Kiss Sceneတွေလည်း အများကြီးဆို..."

"ဟူး....SooYoung သူကမင်းသမီးလေ...နင်နားလည်ရမှာပေါ့။ ပြီးတော့ နင်တို့က ဘာဆက်ဆံရေးမှာ မဟုတ်ဘူး ...Fanနဲ့ Idolလေ"

"အဲ့တာ ငါမသိလို့ ဒီလိုတွေပြောနေတယ် ထင်တာလား။ ။ သူကို ငါတကယ်ကြိုက်တယ် TaeYeon...မဟုတ်ဘူးချစ်တာ...။ အစကတော့ Idolတစ်ယောက်အနေနဲ့ ရူးသွပ်စွဲလန်းတာပေါ့။ အဲ့ဒီကနေတဆင့် နင်မိတ်ဆက်ပေးလို့ ငါတို့ခင်သွားတယ်...အဲ့နောက်ပိုင်းတွေ သူ့ရဲ့ဖန်သားပြင်ပေါ်နဲ့ မတူတဲ့ အပြုအမူလေးတွေက ငါ့ကို ချစ်မိသွားစေတယ်။ ။ အပြင်မှာ ပိုဖြူစင် ချစ်ဖို့ကောင်းတယ်.."

SooYoungရဲ့လေးလေးနက်နက်စကားကို TaeYeonသေချာနားထောင်ပေးလိုက်သည်။ တကယ်ကြီး သူချစ်မိနေပုံပါ...ခါတိုင်းနဲ့တောင်မတူ တကယ်ကြီး လေးနက်နေခဲ့သည်။

Narcotic Where stories live. Discover now