Part-12

2.6K 314 34
                                    

ကျွန်မအမှားကဘာလဲ~~~

အရမ်းထုတ်ချစ်ပြခဲ့ခြင်းလား~~

ဒါမှမဟုတ် သူ့ကိုအတင်း ဖက်တွယ်နေခဲ့ခြင်းလား~~~

ဘာအပြစ်လုပ်မိလို့လည်း။ ဒါမှမဟုတ် ကျွန်မကသူ့အတွက် အရေးမပါတာများလား။
ဟိုတလောက ကြင်နာပြနေမှုများ၏ အကြောင်းအရင်းအမြစ်ကို ခုမှရှာတွေ့ခဲ့သလို။

ကိုယ်ကသူ့ကို တန်ဖိုးထားသလောက် ကိုယ်ဆိုတာ သူ့အတွက်ဘာမှမဟုတ်ခဲ့တာများလား။

မေးခွန်းတွေ ကျွန်မခေါင်းထဲမှာ စုဝေးနေတယ်။

စိတ်ဆိုးနေတယ်အရမ်း။ ဒါပေမဲ့ အခုပဲဖြစ်ဖြစ် သူ့မျက်နှာလေးကို တွေ့နိုင်ခွင့်ရအုန်းမလားဆိုတဲ့ အတွေးနဲ့ ကျွန်မ လေယာဉ်ကွင်းကို မောင်းနေတာ။

ကားမောင်းလိုင်စင်ရတာမကြာသေးတဲ့ကျွန်မ။ ဘယ်အရှိန်နဲ့ မောင်းနေမိလည်းဆိုတာ မသိဘူး။

အနည်းဆုံးတစ်ခုခု ပြောသွားရမယ်မလား။
သူLAသွားမယ်ဆိုတဲ့ သတင်းကို သူ့မောင် TaecYeonဆီကသိခဲ့တာ။ Fany အဖေနဲ့အမေကလည်း မပြောခဲ့ဘူး။
မဟုတ်ဘူး ကျွန်မFanyအိမ်ကို မရောက်တာ ကြာပြီ။

စာမေးပွဲပြီးကတည်းက သူနဲ့ကျွန်မမတွေ့ဖြစ်တာ ။ ဒီမနက်အပြင်ထွက်တုန်း TaecYeonနဲ့လမ်းမှာတွေ့ နှုတ်ဆက်ရင်း စကားစပ်မိရင်း သိခဲ့တာ။

ဒီနေ့ပဲ သွားတော့မယ်ဆိုတာ။ မဟုတ်ရင် ကျွန်မက သူဟိုရောက်တဲ့အထိ သိအုန်းမယ် မထင်ပါဘူး။

သူ့ကိုတွေ့ချင်တယ်။ သူပြောမဲ့ အကြောင်းပြချက်ကို ကြားချင်တယ်။ ကျွန်မကို လွှတ်ချခဲ့တာလား ကျွန်မသူ့ကို စောင့်ရမှာလား။ ရင်တွေလည်း ဗလောင်ဆူနေပြီ။ မျက်ရည်တွေလည်း ထိန်းမရတော့။ လုပ်ရက်တယ်ဟုသာ~~~~

Fanyမှာ သိပ်တော်တဲ့အချက်တစ်ချက်ရှိတယ်။ သွေးအေးတာ နားမလည်နိုင်အောင် ဟန်ဆောင်ကောင်းတာ။

ဟင့်အင်း...ကျွန်မသူ့ကို အပြစ်နောက်မှတင်မယ်။ အခု သူ့ကို တွေ့ရမှဖြစ်မယ်။ သူ့ဆီက တောင့်ခံနိုင်စရာ စကားတစ်ခွန်းလောက်တော့ ကြားကောင်းပါရဲ့......

လီဗာကို ဖိနင်းလိုက်တယ်။ ဖြစ်နိုင်ရင် ဒီထက်မြန်ချင်သေးတယ်။ အသုံးမကျတဲ့ မျက်ရည်တွေကြောင့် မြင်ကွင်းဟာ မသဲကွဲဘူး~~~~

Narcotic Where stories live. Discover now