Part-7

2.8K 311 31
                                    

ရှေ့ပိတ်ကားပေါ်က ပြနေတဲ့ မယ်သီလရှင်သရဲမကြီးကိုလည်း ကျွန်မမကြောက်အားပါ။ လည်ပင်းအထဲရောက်လုမတက် တိုးဝင်ထားသော ခေါင်းလုံးလုံးနဲ့ တစ်ချက်တစ်ချက် ထွက်လာတက်သော စူးစူးရှရှအသံက ကျွန်မကို ရုပ်ရှင်ကြည့်ဖို့ ခွင့်မပေးပါဘူး။ မကြောက်ဖို့ သူ့ပုခုံးကို ဆုတ်ကိုင်ပေးထားရပြီး ခပ်ဖွဖွပွတ်ပေးနေရတယ်။

သူကတော့ သိပြီးသားဖြစ်တဲ့ နှစ်ယောက်မရှိ Tiffany Hwangပါပဲ။

ကျွန်မနဲ့ Seolhyun ဒိတ်မယ်ဆိုတော့ ခပ်တည်တည်နဲ့ ကြားကလိုက်ခဲ့တဲ့သူမ။ ကျွန်မပြုံးမိတယ်။ သဝန်တိုတာ သိသာလိုက်တာဆိုပြီးပေါ့။ Seolhyunကတော့ သူမသိအောင် Okနေပြီဆိုပြီး အချက်ပြတယ်။ ဒါပေမဲ့ ကျွန်မ သိပ်မမျှော်လင့်ရဲသေးဘူး။ သူတကယ်ပျင်းလို့ လိုက်လာတာလည်း ဖြစ်နိုင်တာပဲဆိုပြီး။

ရုပ်ရှင်ကြည့်ကြမယ်ဆိုတော့ Seolhyunက ရိုမန်တစ်ဆန်တဲ့အချစ်ကားလေးရွေးတယ်။ ကျွန်မလက်မှတ်ဖြတ်ဖို့ လုပ်နေတုန်း Fanyက THE NUNဆိုတဲ့ သရဲကား ကြည့်ရအောင်တဲ့လေ။Seolhyunကတော့ သိပ်စောဒကမတက်ဘူး Unnieသဘောပဲလေဆိုပြီး ပြီးသွားတယ်။

သရဲတုန်နေအောင်ကြောက်တဲ့ Tiffany Hwangရဲ့ ရည်ရွယ်ချက်ကို အစက ကျွန်မမရိပ်မိခဲ့ဘူး။ ထိုင်ခုံလက်မှတ်တွေရတော့မှ သူကြောက်တက်တာမို့ အလယ်မှာထိုင်မည်တဲ့။ Seolhyunနဲ့ကျွန်မကြား မှိန့်မှိန့်ကြီးထိုင်ပြီးတာနဲ့ မျက်လုံးကိုတန်းမှိတ်ထားတော့တာပါပဲ။

အသံနဲ့တင် ခြောက်ခြားနေတဲ့Fany ။ ကြာရင် ကျွန်မပေါင်ပေါ် သူ့တစ်ကိုယ်လုံးရောက်တော့မှာ။ ရည်းစားဘဝတုန်းကတောင် ဒီလောက်မကပ်ခဲ့ဖူး။ ယခုတော့ သူ့ခေါင်းက ရှန်ပူအနံ့နဲ့တင် ကျွန်မရင်ဖိုနေမိပြီ။  Seolhyunကို မသိမသာလှမ်းကြည့်လိုက်တော့ သူနဲ့မဆိုင်သလို ပေါက်ပေါက်စားရင်း သရဲကိုအေးဆေးထိုင်ကြည့်နေ၏။

"Fany Yah...နည်းနည်း နည်းနည်းခွာပါအုန်းလား။ "

သူကြောက်တာအရေးမကြီး ကြာရင်ကျွန်မက အကြောသေတော့မှာ။

"Tae ငါကြောက်တယ်"

လေသံဖျော့ဖျော့ကြောင့် ညည်းညူလိုစိတ်တွေ လွင့်ပါးသွားရတယ်။ ကြောက်ရင်ဘာလို့ကြည့်မယ်ပြောလည်းဆိုပြီး ထုလည်းထုချင် ထုလည်းမထုရက်။

Narcotic Where stories live. Discover now