Part-11

2.7K 291 43
                                    

"TaeTae"

ရုတ်တရက် တံခါးမခေါက် ဘာမခေါက် ဗြုန်းဆို ဝင်လာသော Fanyကြောင့် TaeYeon ဖတ်လက်စ Mangaစာအုပ်ကို ခေါင်းအုံးအောက်ထဲ ထိုးထည့်လိုက်သည်။ သို့ပေမဲ့ သူဘာလုပ်နေတယ်ဆိုတာ Fanyက မြင်သွားခဲ့ချေပြီ။

" သြော် Fa Fany Yah.."

"ဘာလုပ်နေတာမို့လည်း အထစ်ထစ် အငေါ့ငေါ့နဲ့။ ပြီးတော့ ခုနက ဘာစာအုပ်ဖွက်လိုက်တာလည်း။ Kim TaeYeonနင် ငါမသိအောင် ဘာတွေလုပ်နေတာလည်း"

"ဟင့်အင်း...ဘာမှမဟုတ်ပါဘူး။ ခုနက ကျောင်းကမနက်ဖြန် ဆွေးနွေးရမဲ့ စာလေ။ အဲတာ အဲ့တာဖတ်နေတာ"

"Tae"

Tiffanyရဲ့အသံရှည်ဆွဲ ခေါ်သံက TaeYeonကို ပိုကြက်သီးထစေ သွားတယ်။ သူဘာတွေဖတ်နေလဲဆိုတာမိမှာ အရမ်းစိုးတာလေ။

"ပေး.."

"ဟမ်.."

"ခုနဖတ်နေတဲ့ စာအုပ်ပေးလို့။ နှစ်ခါမပြောဘူးနော်Tae"

ရုပ်တည်တဲ့Tiffanyကို TaeYeonလည်း မလှန်နိုင်တော့။ ခေါင်းအုံးအောက်ထိုးထားတဲ့ စာအုပ်လေးကို ထုတ်ပေးလိုက်ရတော့သည်။

စစပထမ Tiffanyစာရွက်ကိုလှန်ကြည့်ပြီး မျက်မှောင်တွန့်ချိုးသွားတော့ TaeYeonရင်တွေ တဒုန်းဒုန်း ဖြစ်လာရသလို နီမြန်းနေသော မျက်နှာကိုလည်း ဘယ်ထားရမှန်းမသိ။

အရှက်လှလှကွဲလေပြီ။ တစ်ချိန်လုံးထိန်းလာတဲ့ innocentဂုဏ် ဒီMangaစာအုပ်နဲ့မှ လစ်သွားရသည်။ Fanyကကော သူ့ကို အထန်လို့ ထင်သွားပြီလားမသိ။ အထန်တော့အထန်ပေမဲ့ ကိုယ့်စိတ်တွင်းတွေးတာ ကိစ္စမဟုတ် အခုလို လူသိသွားမှာတော့ ရှက်သည်လေ။

"အဲ့တော့ နင်က ဒါတွေဖတ်ရတာကြိုက်တယ်ပေါ့"

"Fa Fany Yahအဲ့တာကလေ ..အွန်း ဘယ်လိုပြောရမလဲ။"

"ရပြီထားတော့ ။ နင်လည်း အသက်ပြည့်ပြီးသား လူတစ်ယောက်လေ ငါနားလည်ပါတယ်။ အေး ပြီးတော့ နင်ရဲ့ ဒီပေါက်ကရအတွေးတွေကို ပေါက်ကရ ကောင်မတွေနဲ့ တွေးလို့က ငါနဲ့တွေ့မယ် "

Tiffanyစကားကို ရုတ်တရက်နားလည်ဖို့ TaeYeonစက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။ ပြီးနောက် မေးရိုးပြုတ်ကျမတက် အံ့သြသွားရသည်။ တစ်မိုးအောက်မှာ နှစ်ယောက်မရှိ Tiffany။ နမ်းဖို့ကိုပင် အတော်ပြောယူခဲ့ကသော Tiffany။ ယခု ဒီစကားက...ဆိုလိုတာက အဲ့လိုတွေတွေးတောင် သူနဲ့တွေးဆိုတဲ့သဘော။

Narcotic Where stories live. Discover now