၈။ စကားရည် လုပွဲ

3.7K 432 6
                                    

ရှန်းမြောင်ဟာ ဘယ်လို လူမျိုးလဲ?????

အမေးခံရသူသည် ပထမတန်း၊ ဒုတိယ သို့မဟုတ် တတိယတန်းမှဖြစ်စေ လူတိုင်း သိကြသည်။ သင်ခန်းစာ တွေကို ကျော်ချတဲ့သူ၊ ဘယ်လောက်ပဲ တုံးတုံး သိမ်မွေ့ နူးညံယောင် ဆောင်သူ…

ရွက်ကြမ်း ရေကျို ရုပ်ရည်နှင့် ပညာရေးတွင်လည်း မထူး ချွန်၊ ပါရမီလည်း မရှိပြန် မင်းသားသင်းကို တစ်ဖတ်သတ် မေတ္တာ သက်ဝင်နေမှန်း မြို့တော် တစ်ခုလုံးကသိတဲ့ အချစ်ရူး အရူးမ တစ်ယောက်…

ထို့ကြောင့် ကွမ်ဝမ့်ထန်တွင် အတော်ဆုံးမှာ ရှန်းယွဲ့ဆိုလျှင် အညံဖျင်းဆုံးမှာ ရှန်းမြောင် ဖြစ်လိမ့်မည်။

မိန်းမပျို နှစ်ဦးလုံးသည် အိမ်တော် တစ်ခုတည်းမှ ဖြစ်သော်လည်း သူတို့၏ အမြင်မှာ ကွာခြားလွန်းသည်။ ရှန်းယွဲ့ဘေးမှ အစေခံသာသာ ရှန်းမြောင်အဖြစ် လူတိုင်းက အသားကျနေပြီ ဖြစ်သည်။ အကယ်၍ ရှန်းမြောင်သညှ် ရှန်းမြောင်ကဲ့သို့ မပြုမူသည့် တစ်နေ့ ရောက်လာခဲ့လျှင် လူတိုင်းအတွက် ထူးဆန်းနေလိမ့်မည်။

ယိဖေ့လန် ရှန်းယွဲ့ကို အသာ တို့လိုက်ပြီး "ယွဲ့ညန်…နင့်ညီမ နေမကောင်း ဖြစ်ပြီး ဂေါက်သွားပြီလား။ သူ့ကြည့်ရတာ အခြားလူ တစ်ယောက်လိုပဲ…"

ရှန်းယွဲ့ ရှန်းမြောင်ထံ ကြည့်ရင်း သူမစိတ်တွင် အဖြေရှာမရ ဖြစ်နေသည်။ ရေထဲ ပြုတ်ကျပြီးနောက်ပိုင်း နိုးလာကတည်းက ရှန်းမြောင် တော်တော်ပင် ပြောင်းလဲသွားခဲ့သည်။ မင်းသားသင်းအပေါ် စိတ်နာသွားလို့လား။ ဒါပေမယ့် စိတ်နာစရာ အကြောင်း ဘာရှိလို့လဲ။ သူမ တစ်ခုခု ပြောရန် ပါးစပ်ဟစဉ်မှာပင် သူမနံဘေး ကျန်းခိုင်ရွှမ်းမှ
"ရှန်းမြောင်…နင် ရေထဲ ပြုတ်ကျသွားတယ်ဆို…အခု ကြည့်ရတာတော့ ပြန်ကောင်းသွားပြီ ထင်တယ်"

ဒီလို ပေါ်တင် မေးခြင်းသည် တစ်ဖက်သါးကို အရှက်ရစေရန်သာ ရည်ရွယ်သည်။ အခုချိန်တွင် အရင် ရှန်းမြောင်သာ ဆိုလျှင် ဆွံ့အနေတတ်ပြီး ကူပြောပေးရန် ရှန်းယွဲ့အား အကူညီတောင်းသလို ကြည့်တတ်သည်။ ယခုတော့ ကျန်းခိုင်ရွှမ်းအား တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။ "အင်း…မေးတာ ကျေးဇူးပဲ"

ငြိုးသူ့ကလဲ့စားWhere stories live. Discover now