၅၄။ ထောင်ချောက်တစ်ခု...

4.2K 504 13
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - kktwinklestar

_

ရှန်းအိမ်တော်သို့ပြန်လာတဲ့လမ်းတစ်လျှောက်လုံး ရှန်းမြောင်ဟာ အလာတုန်းကလိုပဲ တစ်ယောက်တည်းပြန်လာခဲ့တယ်။ သူမဘေးနားမှာရှိနေတဲ့ ကူယွီနဲ့ ကျင်းကျဲ့တို့ဟာ သူမကိုစိုးရိမ်စွာကြည့်နေကြတယ်။ မင်းသားယွီရဲ့မကောင်းဆိုးဝါးဂုဏ်သတင်းကို မင်ချီပြည်တစ်ပြည်လုံးသိကြတယ်။ အခုသူကရှန်းမြောင်ကိုဖိတ်ခေါ်ထားတယ်။ ရှန်းမြောင်အတွက်မသင့်လျော်ဘူးဆိုတာပြောစရာတောင်မလိုဘူး။ မိန်းကလေးငယ်တစ်ယောက်ကိုဒီလိုမျိုးဦးတည်နေတာ မင်းသားယွီဘယ်လိုအကြံအစည်ရှိတယ်ဆိုတာ လူတိုင်းသိနိုင်တယ်။

ရှန်းရှင်တစ်ယောက်ထဲသာသူ့အသက်ကိုရင်းပြီးငြင်းဆန်နိုင်လိမ့်မယ်။ ဒါပေမယ့် အခုအချိန်မှာ ရှန်းရှင်ကမြို့တော်မှာရှိမနေဘူး။ ရှန်းမိသားစုရဲ့ချွေးမနှစ်ယောက်ဟာလည်း ယုတ်မာတဲ့စိတ်ဓာတ်ရှိကြတယ်။ အရင်တုန်းကတော့ ရှန်းမြောင်က ငယ်သေးလို့ပြသနာမရှိပေမယ့် အခုသူမက လက်ထပ်ရမယ့်အရွယ်ရောက်ပြီ။ ဒီလိုအကြံအစည်မျိုးသူတို့ခေါင်းထဲမရှိဘဲနေမလား။

ကျင်းကျဲ့ တတ်နိုင်သလောက်တော့နှုတ်ဆိတ်နေသေးတယ်။ သည်းမခံနိုင်တဲ့အဆုံး သူမဖွင့်ပြောခဲ့တယ် "သခင်မလေး..... မင်းသားယွီ...... ဒီနေ့ကိစ္စကို ဘယ်လိုလုပ်ကြမလဲ..... သခင်ကြီးဆီစာရေးလိုက်ရမလား?..... သခင်ကြီးသာဒီကိစ္စကိုသိရင် ချက်ချင်းပြန်လာလိမ့်မယ်......"

"ဟုတ်တယ်!!!" ကူယွီဟာလည်းအလွန်အမင်းစိုးရိမ်နေပြီး စိတ်မချမ်းမသာဖြစ်နေတယ် "အဲ့ဒီ့လူဟာ ကောင်းသောလာခြင်းနဲ့လာတာမဟုတ်ဘူး...... အခုအိမ်တော်တွင်းအခြေအနေကလည်း...... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့သခင်မလေးက ပွဲ့ရဲ့အဓိကလူဖြစ်နေခဲ့တယ်..... အိမ်တော်အတွင်းမှာ သခင်မလေးကိုထပ်ပြီးပြသနာရှာမှာ စိုးရိမ်မိတယ်......" သူမသက်ပြင်းချခဲ့တယ်။

ရှန်းမြောင်ဟာ ငယ်သေးတဲ့အတွက် အရာရာကိုရှင်းရှင်းလင်းလင်းမမြင်နိုင်သေးပေ။ ရှန်းသခင်မကရွေးချယ်ပေးထားတဲ့ ကူယွီနဲ့ကျင်းကျဲ့ကတော့ ရှင်းရှင်းလင်းလင်းသိနေတယ်။ ဒုတိယနဲ့တတိယအိမ်တော်က ပထမအိမ်တော်ရဲ့ ဂုဏ်သတင်းကျော်ကြားမှုကိုမနာလိုဘူးဆိုတာ လုံးဝရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ဒီတော့ ရှန်းမြောင်ကိုတိတ်တဆိတ်လှည့်စားတော့တာပဲ။ ထိုအိမ်တော်နှစ်ခုရဲ့ သဘောထားကျဉ်းမြောင်းမှုဟာ ရှန်းမြောင်ရဲ့ဒီနေ့ထင်ပေါ်မှုတွေအပေါ် လူတွေမျက်စိကျသွားမှာ စိုးရိမ်နေကြတယ်။ အကယ်၍မင်းသားယွီသာ ပါဝင်လာမယ်ဆိုရင် သူတို့ကြောက်စရာမရှိတော့ဘူး။ သူ့ရဲ့ယုတ်မာကောက်ကျစ်လှတဲ့စိတ်ထားတွေဟာ ရှန်းမြောင်ဒီကိစ္စကြီးတစ်ခုလုံးကိုကိုင်တွယ်ဖို့ခက်ခဲလိမ့်မယ်။ ပြီးတော့ ပထမအိမ်တော်အတွင်းကအစေခံတွေအားလုံးဟာ အခြားအိမ်တော်နှစ်ခုရဲ့လူစားထိုးခြင်းကိုခံထားရတယ်။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now