၅၉။ ဝူလုံ ဘုရားကျောင်း

3.1K 379 0
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - No Cause

၅၉။ ဝူလုံ ဘုရားကျောင်း

-

ရှန်းမြောင် ခန့်မှန်းထားသည်ထက်ပင် စောလျင်စွာ၊ ဒုတိယမြောက်နေ့မှာပဲ မို့ချင်း ရှန်းအိမ်တော်ကို ကိုယ်ရံတော်အဖြစ် အမှုထမ်းရန် ရောက်လာခဲ့သည်။ ရှန်းမြောင်က ရွှန်းကျန်းအား အိမ်တော်ထိန်းကို ကြိုတင် လာဘ်ထိုးထားစေသည်။ ပြီးတော့ မို့ချင်းမှာ ရွှမ်းကျန်း၏ ဆွေမျိုးနီးစပ် ဝမ်းကွဲအစ်ကိုဟု သူတို့ကို ပြောထားသည်။ ကိုယ်ရံတော်များကို အဆင့်ရာထူးအလိုက် သတ်မှတ်ထားရှိခြင်းဖြစ်ရာ မို့ချင်းမှာ အပြင်ဆုံးတံခါးမှာသာ အစောင့်လုပ်ရလေသည်။ သခင်မလေး အဆောင်တော်နား နေပိုင်ခစားခွင့်လည်း မရှိပေ။ 

အချိန်က လျင်မြန်စွာ ကုန်လွန်သွားပြီး သုံးရက် အလွန်ပင်ရောက်သွားခဲ့သည်။

တတိယမြောက်နေ့၏ မနက်ခင်း၌ ရမ့်ဝမ်ယွင်တစ်ယောက် အရာရာ ပြင်ဆင်ပြီးနောက် ရှန်းမြောင်ကို ခေါ်လာရန် သူမ၏ မိန်းမစေ ရှန်းလန်ကို စေလွှတ်လိုက်သည်။ ထို့နောက် မထွက်ခွာခင် အားလုံး ရုန်ကျင်းထန်သို့သွားကာ နှုတ်ဆက်ဂါရဝပြုကြလေသည်။  

ရှန်းလောင်ဖူးရန်ကြီးက ဩဝါဒတစ်ချို့ခြွေခဲ့သည်။ အကျဉ်းချုပ်ဆိုရသော် လူတိုင်း စောင့်စောင့်ထိန်းထိန်းနေကြရန်သာ ဖြစ်သည်။ ပုံမှန်အားဖြင့် မည်သူကမျှ အမွှေးတိုင်ထွန်းဆုတောင်းရန်အတွက်နှင့် ဝူလုံ ဘုရားကျောင်းလို ဝေးလံစွန်ဖျားက ဘုရားကျောင်းကို မသွားကြ။ ဝူလုံဘုရားကျောင်းမှာ ကျော်ကြားသော်ငြား မြို့တော်နှင့် နီးသော ဘုရားကျောင်းများလောက်တော့ နာမည်မကြီးပေ။ သို့သော် သည်တစ်ခေါက် အဘယ့်ကြောင့် အဝေးကြီးသွားရသည်ကို မည်သူမျှ မသိကြ။ 

ရှန်းချင်းကတော့ ဝမ်းသာ ပျော်ရွှင်နေပုံရပြီး လောင်ဖူးရန်နှင့် ရှန်းယွမ်ပိုအတွက် ဘုရားမှာ သူမ အဘယ်သို့ အဘယ်ပုံ ဆုတောင်းပေးမည်ဖြစ်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောနေတော့သည်။ လောင်ဖူးရန်လည်း သူမအတွက်ဟု ကြားသည်နှင့် ရှန်းချင်းအပေါ် ပို၍ ကြည်သာနူးညံ့စွာ ဆက်ဆံလေတော့သည်။ 

ငြိုးသူ့ကလဲ့စားWhere stories live. Discover now