၅၃။ တူညီတဲ့ လှည့်စားမှုတစ်ခုပဲ သုံးခြင်း

4K 492 4
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - kktwinklestar

_

စင်ပေါ်မှာရှိနေသည့် လူငယ်၏ ကိုယ်နေဟန်ထားမှာ အထက်ကောင်းကင်ဘုံမှ နတ်သားတစ်ပါးအလား ကျက်သရေရှိလှသည်။ အချိန်ခဏလေးအတွင်းမှာပဲ ရန်သူတွေဟာ လုံးဝအညံ့ခံအရှုံးပေးလိုက်ရသည်။ သူ့အသက်အရွယ်က ငယ်သေးသော်လည်း သူ့လုပ်ရည်ကိုင်ရည်နှင့် အပြုအမူများကတော့ ရင့်ကျက်တည်ငြိမ်သော လူကြီးများထက်ပင်သာနေသေးသည်။ သူ..... ဂုဏ်မောက်တာဟာလည်း အပြစ်ဆိုဖွယ်မရှိတော့။ သူ့မှာ မောက်မာနိုင်လောက်သည့် အရည်အချင်းအပြည့်အဝရှိသောကြောင့်ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့် မည်သူက အဆင့်အတန်းမြင့်၍ မည်သူက အဆင့်အတန်းနိမ့်သည်ကိုခွဲခြား၍ ရနိုင်ပေသည်။

ပွဲအတွင်းရှိ မိန်းကလေးငယ်တွေဟာ အတော်ကြာအောင် အံ့ဩမှင်သက်နေကြတယ်။ သူတို့အနောက်ဘက်က လေ့ကျင့်ရေးကွင်းကို မကြာခဏသွားတာတောင် ဒီလိုမြင်ကွင်းမျိုးကိုမမြင်နိုင်ဘူး။ ဒီလိုကြီးကျယ်လှတဲ့ အကယ်ဒမီစာမေးပွဲကသာ သူတို့ကိုအမြင်ကျယ်စေတယ်။ ဒါပေမယ့် ရှဲ့ကျင်ရှင်းရဲ့သရုပ်ပြမှုတွေက အကယ်ဒမီစာမေးပွဲကို အရင်နှစ်တွေတုန်းကထက်ပိုစိတ်ဝင်စားဖို့ကောင်းစေတယ်။ သူရဲကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့အမျိုးသမီးငယ်လေးတွေဟာ ရှဲ့ကျင်ရှင်းရဲ့ ၂ ယောက် ၁ ယောက်ယှဉ်ပြိုင်မှုမှာ ကောင်းကောင်းမွန်မွန်အလဲထိုးနိုင်ခဲ့ပုံကိုမြင်ပြီးနောက် သူဟာနှလုံးသားများစွာကိုဖမ်းစားနိုင်ခဲ့တယ်။

လူငယ်တွေကြားထဲမှာလည်း မနာလိုဝန်တိုသူတွေရှိပေမယ့် အများစုကတော့ အံ့ဩနေကြတယ်။ ဆုမင်ဖုန်းကလည်း အဝေးက အပန်းဖြေအဆောက်အဦးကနေကြည့်နေခဲ့တယ်။ သူခေါင်းကိုရမ်းရင်း ပြုံးနေခဲ့တယ်။ "ဒီတော့..... အောင်ပွဲခံမယ်ဆိုတာ ဒါလား..... ဒီကောင်အခုထိ ကိုယ့်ကိုယ်ကိုအထင်ကြီးတုန်းပဲ....." ဒီနေ့ပွဲဟာ ရှဲ့ကျင်ရှင်းရဲ့မူရင်းပုံစံကနေ ကွဲကြေနေတဲ့ရေခဲအပိုင်းအစငယ်လေးတစ်ခုပဲဆိုတာ ဆုမင်ဖုန်းသိနေခဲ့တယ်။ သူဟာသူ့ရဲ့ရည်ရွယ်ချက်ကိုဘယ်တော့မှမထုတ်ဖော်တတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ ဒီနေ့လိုပုံစံမျိုးက သူ့တစ်စုံတစ်ယောက်ကို သူရဲ့လုပ်ဆောင်နိုင်စွမ်းတွေပြချင်လို့လား။ သူ့ရဲ့ပုံစံက တကယ်အပြင်းအထန်ဖြစ်နေပုံပဲ။ သူ့သူငယ်ချင်းရဲ့ရည်ရွယ်ချက်ကို သူကိုယ်တိုင်တောင်အတိအကျမသိနိုင်ဘူး။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now