"ပန်းချီ ဆေးရေး အတတ်ပညာ ?"
ရှမ်းမြောင်လက်ထဲက စာရွက်ကိုတွေ့တော့ ဖုန်းအန်းနဉ် သူမလည်ပင်းကို ကုတ်လိုက်သည်။
သူမကိုယ်တိုင်လည်း ပြန်မဖြေခင် အနည်းငယ် တွေဝေနေမိသည်။
"ဘယ်လို လုပ်ရမလဲဆိုတာ သိလား..."တကယ်တော့ ဒီစကားလုံးတွေက ရှမ်းမြောင်မှာ အနုပညာ ပညာရပ်လေးမျိုးနဲ့ ဆိုင်တဲ့ ဗဟုသုတ လုံးဝ မရှိဘူးဆိုတာ သိသာနေသည့် စကားပင်ဖြစ်သည်။ ပန်းချီတောင် မဆွဲတတ်တဲ့ လူတစ်ယောက်က ပန်းချီဆြွဲခင်းနဲ့ ဆိုင်တဲ့ အရည်အချင်း လုံးဝမရှိဘူးဆိုတာ ပြောဖို့ မလိုတော့သည်မှာ ဖြစ်သင့်သည်။
ရှမ်းမြောင် တိတ်နေတာကို ကြည့်ရင်း ဖုန်းအန်းနဉ် လည်း တိတ်တိတ်နေမိသည်။ လူတွေဟာ ထူးဆန်းလာသည်နှင့်တူပါသည်။ အစပိုင်းမှာရှမ်းမြောင်ကို ဖုန်းအန်းနဉ် ရဲ့ မျက်ဝန်းတွေက သဘောမကျပေမယ့် အခုတော့ ရှမ်းမြောင်ရဲ့ အပြုအမူ တွေဟာ ရှမ်းမြောင်နှင့် မတူတော့တဲ့အခါ အခြားတစ်ဖက်မှာ ဖုန်းအန်းနဉ်က ရှမ်းမြောင်နှင့် စကားပြောရန် ဆန္ဒပိုရှိလာသည်။ရှမ်းမြောင်၏ ထူးခြားသော အပြုအမူများကို မြင်လိုက်ရတဲ့ အချိန်မှာ ရှမ်းမြောင်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ပဲ အခြားသူတွေကို ဆွဲဆောင်နိုင်သည်ဆိုတာ ဖုန်းအန်းနဉ် ခံစားမိလိုက်သည်။
နှစ်ယောက်လုံး အသံမထွက်ပဲ နေနေ
တုန်းမှာပင် ရှမ်းယွဲနဲ့ ရှမ်းချင်းက ယုံကြည်မှုရှိစွာဖြင့် လျှောက်လာသည်။ ရှမ်းယွဲ့ က ပြုံးလိုက်ပြီး "ပဉ္စမ လေး ဘာတွေများ ပြောနေတာပါလိမ့်... တစ်ချက်လောက်ပေးကြည့်ပါဦး... အစ်မကြီးနဲ့ ငါက အကြံဥာဏ်တွေ ပေးနိုင်မယ် ထင်တယ်..."ရှမ်းချင်းက ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်တယ်... ငါနဲ့ ညီမလေး နှစ်က ကဗျာစာပေနဲ့ ပန်းချီ ဆွဲခြင်း ကို အသီးသီး မဲနှိုက်မိတယ်လေ... ညီမလေးကရော..."
![](https://img.wattpad.com/cover/137069461-288-k483353.jpg)
YOU ARE READING
ငြိုးသူ့ကလဲ့စား
Historical FictionThe Rebirth Of Malicious Empress In The Military Lineage ကို No_Cause နဲ့ ပူးပေါင်းပြီး မြန်မာဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။