၄၅။ အခု ငါ့အလှည့်

4.1K 621 100
                                    

"ငါ ဒီမှာ ရပ်နေတယ်…နင်သတ်ရဲသလား…"

ခိုင်လင်း သူ့ရှေ့က မိန်းကလေးကို အခုမှ တွေ့ဖူးသလို မယုံရြဲခင်း၊ ဝေခွဲမရ ဖြစ်ခြင်းများ ပြည့်နေသော မျက်ဝန်းတစ်စုံနှင့် ငေးနေမိသည်။

သူ ကွမ်ဝမ့်ထန်မှာ စာသင်နေတာ ကြာလှနေပြီ။ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ သူ့ရဲ့ နဂို အစီအစဉ်က ရှန်းမြောင်ကို နည်းနည်းလေး ပညာပေးချင်ရုံပဲ…ဒါပေမယ့် ရှန်းမြောင်က မကြောက်တဲ့အပြင် ဒီလို စကားတွေပါ ပြောမယ်လို့ ဘယ်သူ ထင်ထားမှာလဲ…အမှန်ဆို သူ့ အကြံတိုင်း ဖြစ်နေရမှာလေ…တစ်ကယ်ဆို ဒီလို စကားမျိုးက သူ ပြောရမယ့်ဟာ…

ခိုင်လင်…နင် လုပ်ရဲသလား…

လုပ်ရဲတယ် ဆိုပါဦး လုပ်နိုင်သလား…
ခိုင်မိသားစုရဲ့ သခင်လေးက စိတ်လိုက်မာန်ပါ လုပ်လိုက်ရင် ခိုင်မိသားစု ဘာဖြစ်သွားမလဲ…
ဒီနေ့ သူ ရှန်းမြောင်ကို သတ်လိုက်မယ်ဆိုရင် သူ့အသက်နဲ့ ပြန်ပြီး လျော်ကြေး ပေးရမယ်။ ဒါ့အပြင် ရှန်းရှင်က ခိုင်မိသားစုကို လွှတ်ထားမယ် ထင်လို့လား…
တစ်အိမ်လုံးကို အမျိုးဖြုတ်ပစ်မှာ အသိသာကြီးပဲ…

ပိုပြီး အဓိက ကျတာက သူ မလုပ်ရဲဘူး…

သူဟာ ပုံပြောကောင်းသူ၊ စကားပြော ကောင်းသူ တစ်ယောက် ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူ တိုက်ပွဲ မဝင်ဖူးဘူး။ သူ့လက်က သွေးမစွန်းဖူးဘူး။ သူ့ မြှားပစ်စွမ်းရည်က တစ်ကယ်ကောင်းပေမယ့် ပစ်မှတ်အဖြစ် သစ်သီးနဲ့ တိရစ္ဆာန် ကိုသာ သုံးခဲ့တယ်။ သူ လူမသတ်ခဲ့ဘူး။

ဒီအခြေအနေ ရောက်မှတော့ နောက်ပြန်ဆုတ်လို့ မရတော့ဘူး…
ရှန်းမြောင်လို မိန်းကလေး တစ်ယောက်တောင် မကြောက်ရင် ယောက်ျားသား သူက ကြောက်နေလို့ ဖြစ်မလား…
အခုမှ နောက်ပြန်လှည့်လိုက်ရင် သူ အိမ်တော်ကနေ အပြင်တောင် ထွက်ရဲမှာ မဟုတ်ဘူး…

အဖက်ဖက်က စဉ်းစားပြီးသည့်နောက် ခိုင်လင် ပြင်းပြင်းထန်ထန်ပင် တုံ့ပြန်လိုက်သည်။
"ဟမ့်…မင်းက အပြောတော့ ကောင်းတယ်နော်။ ဒါပေမယ့် နောက်မှ အကြောက်လွန်ပြီး ကြောက်သေးတွေ ဘာတွေ ပါချမလား ဘယ်သူ ပြောနိုင်မှာလဲ?"
တုန်လှုပ် ချောက်ချားခြင်းကို ဖုံးကွယ်ရန် စကားလုံး ရိုင်းရိုင်းများကို သူ သုံးလိုက်သည်။
ရှန်းမြောင်က တည်ငြိမ်လေ သူ့ဘက်က တုန်လှုပ်လေပဲ…သူ နည်းနည်းလောက်ပဲဖြစ်ဖြစ် စိတ် သက်သာရာ ရရန် ဒီလို ပြောလိုက်ခြင်း ဖြစ်သည်။ သူ့စကားလုံးတွေက ရှန်းမြောင်ကို အရှက်ရစေလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ငြိုးသူ့ကလဲ့စားWaar verhalen tot leven komen. Ontdek het nu