၁၀။ ရှဲ့သခင်လေး

3.9K 427 31
                                    

ကွမ်ဝမ့်ထန်၏ ကျောင်းတွင်း စာမေးပွဲသည် နှစ်တိုင်း ဆယ်ခုမြောက် လတွင် ကျင်းပလေ့ရှိသည်။

ကျောင်းတွင်း စာမေးပွဲသည် ကျောင်းရှိ ကျောင်းသား ကျောင်းသူတိုင်းအတွက် ဖြစ်ပြီး အထူးသဖြင့် ပညာစွမ်း ပြလိုသော ထူးချွန်သည့် ကျောင်းသားများအတွက် ဖြစ်သည်။ ထိုနေ့တွင် ရာထူးမြင့် မူးမတ်များနှင့် အရာရှိများ မင်းသားများလည်း လာရောက် ကြည့်ရှုကြသည်။ ဘဝ တက်လမ်းကြောင်းများလည်း ပွင့်လင်းလာနိုင်သည်။

အနှစ်ချုပ် ပြောရလျှင် အရည်အချင်းကို ထုတ်ပြနိုင်သူသည် ကျော်ကြားသူ ဖြစ်လာမည်။ ထို့ကြောင့် နှစ်စဉ် စာမေးပွဲတိုင်းတွင် ဆုတံဆိပ် ရရှိရန် လူတိုင်း စိတ်ဓာတ် ခွန်အား အကုန် ပုံအောကာ ကြိုးစားကြသည်။

ဒုတိယတန်းတွင် ရှန်းယွဲ့သည် အရည်အချင်း အရှိဆုံး ဖြစ်ပြီး စာမေးပွဲတိုင်းတွင် ထိပ်ဆုံးမှာ ရှိသည်။ ကဗျာစပ်ရာတွင် ရှန်းချင်းသည် ရှန်းယွဲ့လောက် မထူးချွန်သော်လည်း အတွက်အချက်တွင် အတော်ဆုံး ဖြစ်သည်။ ထို့ကြောင့် အမြဲလိုလို ထိပ်ပိုင်းအဆင့်တွင် ပါလေ့ရှိသည်။

လူမှု သုခုမနှင့် အတတ်တွင် အညံဆုံးမှာ ရှန်းမြောင် ဖြစ်သည်။ သူမသည် အခြေခံ အနုပညာလေးရပ်ကို မတတ်ကျွမ်းသည့်အပြင် အတွက်အချက်တွင်လည်း အဆိုးဆုံး ဖြစ်သည်။ ထို့ကြောင့် သူမသည် စာမေးပွဲတိုင်းတွင် အရှက်ရလေ့ ရှိသည်။ ပညာစွမ်း ပြရန် မပြောနှင့် သူမအတွက် အောင်ရန်ပင် ခက်ခဲလှသည်။ အတိတ်ဘဝမှ ရှန်းမြောင်သည် စာမေးပွဲကို ကြောက်သူဖြစ်သည်။ သူမ အမြင်တွင် ရှန်းချင်းနှင့် ရှန်းယွဲ့၏ အောင်မြင်မှုကိုသာ တွေ့ရပြီး အားကျနေတတ်သည်။

အခုချိန် ပြန်တွေးလျှင် သူမသည် ကလေးသဘာဝ မနာလို ဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူမ ကြုံတွေ့ခဲ့သော အပြိုင်အဆိုင်များနှင့် ယှဉ်လျှင် ပါမွှားသာ ဖြစ်သည်။

ရှန်းမြောင် ဖုန်းအန်းနဉ်ကို စိုက်ကြည့်လိုက်ပြီး "ကျောင်းတွင်း စာမေးပွဲက ဘာလုပ်ရမှာလဲ??? အဆင့်(၁)တွေ ဘိတ်ချီးတွေ ငါမှ စိတ်မဝင်စားတာ...ပြိုင်ဖို့ လိုသေးလို့လား??"

ငြိုးသူ့ကလဲ့စားWhere stories live. Discover now