၂၄။ မွန်းကြပ်သော ခံစားချက်

3.7K 395 3
                                    

ချွန်းထောင်သည် ရှန်းမြောင်ကိုမြင်သည်နှင့် မြင်းရထားဆီသို့ လျင်မြန်စွာသွားရောက်ပြီး အကြောင်းကြားလေသည်။ ထို့နောက် မြင်းရထား၏ ခန်းဆီးပွင့်လာသည်။

ရှန်းယွဲ့ နှင့် ရှန်းချင်း သည်မြင်းရထားထဲတွင်ရှိနေပြီး ရန်ဝမ်ယွမ် နှင့် ချန်ယို့လျှို (X= ရှီး, iu= ယိုး, Xiu = လျှို "လျှိုမြောင်" ကိုအသံထွက်တဲ့ "လျှို" နဲ့ထွက်ပေးကြပါနော် မြန်မာလိုဘယ်လိုထွက်ရမလဲမသိတော့ဘူး အနီးစပ်ဆုံးတော့ထွက်ကြည့်တာပဲ) လည်းရှိနေသည်။ သူတို့သည် ရှန်းမြောင်၏ အပြင်အဆင်ကိုမြင်ပြီးနောက် အလွန်အမင်းအံ့ဩသွားခဲ့သည်။ ချန်ယို့လျှို၏ မျက်လုံးများအရောင်တောက်သွားသော်လည်း ရန်ဝမ်ယွမ်မှာမူ မျက်မှောင်ကြုတ်ပြီး
"ပဉ္စမလေး ဘာလို့အဆင်အယင်တစ်ခုမှ မဝတ်ဆင်ထားရတာလဲ"

"အမှန်ပဲ" ရှန်းချင်းသည်မပြောဘဲမနေနိုင်တော့သဖြင့် "တော်တော်ကြည့်ရဆိုးတာပဲ။ အရောင်ပိုတောက်တာကိုဝတ်ဆင်သင့်တယ်။ ကျဲဆီမှာ အဝါရောင်တောက်တောက်ဝတ်စုံသစ်တစ်စုံ အခန်းထဲမှာရှိတယ်။ ချွန်ထောင် ပဉ္စမညီမလေးကို ဝတ်စုံလဲဖို့ကူပေးလိုက်ပါ။ ပြီးတော့ လက်ဝတ်လက်စားတွေအတွက် ဘယ်လိုလုပ်ရမလဲ။ မသိတဲ့သူဆိုရင် စစ်သူကြီးအိမ်တော်က မေးမေးကိုဂရုမစိုက်ဘူးထင်နေပါဦးမယ်" သူမရင်ထဲရှိ မနာလိုမှုအားချိုးနှိမ်နေရင်းပြောနေရသည်။

တကယ်တော့ ရှန်းချင်းသည် သိမ်မွေ့နူးညံ့ပြီးချောမောလှပတဲ့ မိန်းကလေးဟုယူဆရသည်။ မြင့်မြတ်ပြီးတောက်ပတဲ့အသွင်အပြင်နဲ့သူမကိုမြင်သူတိုင်း ဂုဏ်သရေရှိတဲ့မိသားစုက တော်ဝင်မိန်းကလေးတစ်ဦးအဖြစ် မလွဲမသွေထင်မှတ်ကြသည်။ ဒါပေမယ့် သူမရဲ့အသားရေက အရမ်းမကောင်းဘူး ဂျုံအရောင်ဖြစ်နေလို့ သူမအသားအရေနဲ့ပတ်သတ်ပြီး အရမ်းဂရုစိုက်တတ်တယ်။ မိန်းကလေးတွေအတွက် နှင်းလိုဖြူစင်တဲ့အသားအရေပိုင်ဆိုင်ချင်ကြတယ်။ ရှန်းယွဲ့ရဲ့အသားအရေကလည်းလှပနေတယ် ဒါပေမယ့်သူမ ရှန်းယွဲ့ကိုတော့မပြောရဲဘူး။ ရှန်းမြောင်ရဲ့အသားအရေကလှပပြီး သူမဝတ်ဆင်ထားတဲ့ ခရမ်းရောင်ကြာပန်းအဆင်ကြောင့် သူမရဲ့အသားရေဟာ နှင်းလိုဖြူစင်နေတယ်။ ရှန်းအိမ်တော်ရဲ့ တိသမီး ၃ ယောက်အနက် သူမ၏ အသားအရေသည် မလှပဆုံးဖြစ်ပေမယ့် သူမဒါကိုလက်မခံနိုင်ဘူးဖြစ်နေတယ်။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now