၄၀။ မျက်မှောက်ခေတ် ဥပဒေ အကြောင်းအရာ

4.4K 531 22
                                    

အမျိုးသား ပြိုင်ပွဲများကို စင်မြင့်ပေါ်တွင် ဆက်လက် ကျင်းပကြသည်။

လူ့အခွင့်အရေး တင်ပြစာနှင့် ကဗျာပြိုင်ပွဲသည် လူမှုဝန်းကျင်နှင့် ပတ်သက်သောကြောင့် အများစုက ရွေးချယ်ကြသည်။ သင်သာ ဥာဏ်ကောင်းသူ တစ်ယောက်ဆိုလျှင် အကြောင်းအရာကို နှံ့နှံ့စပ်စပ် တင်ပြရုံနှင့် အမှတ်ရမည် ဖြစ်သည်။ သို့သော် မျက်မှောက် အရေးကြီးသော အမှုအခင်းများ၏ တင်ပြစာများကတော့ ဝေးနေဆဲပင် ဖြစ်သည်။

မျက်မှောက်ခေတ် အရေးကြီးသော အမှုအခင်းများ၏ တင်ပြစာသည် လက်တွေ့ ဖြစ်ပျက်နေသော ပြဿနာများနှင့် လွှတ်တော်အတွင်းမှ အခြေအနေများကို ကွင်းကွင်းကွက်ကွက် တင်ပြရသောကြောင့် ပိုလက်တွေ့ဆန်သည်။ ထို့ကြောင့် လွှတ်တော်တွင် လျှောက်တင်ရသည်နှင့် အသွင်တူသည်။ သို့သော် စင်မြင့်ပေါ်ရှိ ကျောင်းသားများသည် ငယ်ရွယ်သူများ ဖြစ်သည်။ ပညာရှိ အမတ်များ၏ နောက်လိုက်များမှ လွဲ၍ ကျန်လူများက ဤအရာကို ရှောင်ကြသည်။ ထို့ကြောင့် အဆိုပြုလွှာ ကောင်းကောင်းမှာ အင်မတန်ပင် ရှားပါးသည်။ ခက်ခဲသည်မှာ မှန်သော်လည်း မိမိ၏ လုပ်ဆောင်ချက် ပြောင်မြောက်သည်ဆိုလျှင် နိုင်ငံရေး အသိုင်းအဝိုင်းထဲသို့ ခြေတစ်လှမ်း အလိုအလျောက် လှမ်းပြီးသား ဖြစ်သွားနိုင်သည်။

ရှန်းမြောင် သူမအရှေ့မှ စစ်တုရင် ရုပ်ထုများကို ကြည့်လိုက်သည်။

အတိတ်ဘဝက တတိယအဆင့် စိန်ခေါ်ပွဲတွင် ဖေ့လန်က "တရားဥပဒေ စိုးမိုးခြင်း" ဟူသော ခေါင်းစဉ်ကို တင်ပြခဲ့သည်။
(ဖေ့လန်ဆိုတာ ဖေ့ရှုကိုင်း-ဆရာဖေ့ပါနော်။ နောက်အပိုင်းတွေမှာ ဖေ့လန်လို့ပဲ သုံးထားပါတယ်။)
နောက်ဆုံးအဆင့်တွင် မည်သူက မည်သူ့ကိုမဆို စိန်ခေါ်နိုင်သည်။ အမျိုးသားက အမျိုးသမီးကို သို့မဟုတ် အမျိုးသမီးက အမျိုးသားကို စိန်ခေါ်နိုင်သည်။ သို့သော် ကျောင်းသားအများစုက သူတို့၏ ဆရာကိုသာ စိန်ခေါ်ကြသည်။

ကျောင်းသားတစ်ယောက်က ဆရာဖေ့-ဖေ့လန်ကို စိန်ခေါ်ခဲ့သည်။ ဖေ့လန်သည်လည်း အရည်အချင်းရှိသူ ဖြစ်သည်။ စင်ပေါ်သို့ လှမ်းနေသည့် ခြေလှမ်းအနည်းငယ် အတွင်းမှာပင် ဖေ့လန်သည် ဂန္တဝင် တေးသီးချင်းများမှ စာသားအကိုးအကားများနှင့် မျက်မှောက်ခေတ် ပြဿနာများကို ထောက်ပြလိုက်သည်။ ချဲ့ကားပြောခြင်း မဟုတ်ပဲ အပိုင်းတိုင်းက အရေးကြီးပြီး ပညာသားပါသည်။

ငြိုးသူ့ကလဲ့စားWo Geschichten leben. Entdecke jetzt