၂၅။ လှောင်ပြောင် သရော်ကြခြင်း

3.8K 401 3
                                    

ဂန္ဓာမာပန်းပွဲတော်ကို ချင်အဆင့်ရ မင်သားအိမ်တော်အနားရှိ ယန်ပေ့ထန်၌ ကျင်းပလေ့ရှိသည်။ ထိုနေရာမှ ခန်းမကျယ်မှာ နန်းဦးတည် မင်းဧကရာဇ်နှင့် ဧကရီကိုယ်တော်တိုင် ပန္နက်ရိုက်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုနေရာမှ စံအိမ်တော်ကြီးများမှာ လက်ရာဗိသုကာ သေသပ်၍ ဆန်းကြယ်လှပသည်။ ကျက်သရေရှိခန်းနားထည်ဝါသော အဆောက်အဦးများစွာလည်း ရှိသည်။ မြို့တော်နှင့် သိပ်ဝေးကွာလွန်းမနေပါက ဧကရာဇ်နှင့် ဧကရီသည်လည်း ယန်ပေ့ထန်ကို နန်းတော်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လိုက်လောက်သည်။ 

တစ်ဖက်မှာ တောင်တန်းများကာရံထားပြီး တစ်ဖက်မှာက ရေကန်ရေအိုင်ကြီးရှိနေခြင်းက မျှော်ခင်းအလှ ရှုစားရန် နေရာကောင်းတစ်ခု ဖန်ထားသကဲ့သို့ဖြစ်နေသည်။ အဓိကကတော့၊ ၁၀ လပိုင်းရောက်တိုင်း ဂန္ဓာပန်းအမျိုးစုံတို့ ဖူးပွင့်လန်းကျချိန်၌၊ ဤနေရာခြံဝန်းမှာကလည်း ဂန္ဓမာပန်းမျိုးစိတ်အစုံ ထိန်းသိမ်းထားခဲ့ခြင်းကြောင့် ဂန္ဓမာပန်းပွင့်ချိန်ရောက်လျင်၊ ရှုမျှော်ခင်းက ပို၍ တင့်တယ်ကာ ရှုမငြီးဖွယ်ဟု ဆိုနိုင်ပေသည်။  

ရှန်းအိမ်တော်မှ ယန်ပေ့ထန်သို့ မြင်းလှည်းနှင့်သွားလျင် တစ်ရှီချန် (တစ်ရှီချန် = နှစ်နာရီ) မျှ ကြာလေသည်။ ထို့ကြောင့် ခရီးလမ်း၌ ဆာလောင်ခြင်းကို ဖြေသာရန် အစာပြေမုန့်သရေစာများ ပြင်ဆင်ယူသွားကြရသည်။

ကူယွိက ကွေ့မောမော ယူလာသော ခြင်းကို ဖွင့်၍ ရှန်းမြောင်ကို မေးလိုက်သည်။ "မမလေး တစ်ခုခုစားထားပါလား... ခရီးကရှည်တော့ တစ်ခုခုစားထားမှ ခံနိုင်ရည်ရှိမှာ..."

ရှန်းမြောင်က စားစရာခြင်းအတွင်းမှ အရာများကို ကြည့်လိုက်သည်။

ဆိတ်နို့ဒိန်ခဲအေး၊ ကြက်သွန်မိတ်ဆန်မုန့်လိပ်၊ နှင့် ဆီများသော ကြက်ပေါင်အစပ်ကြော်။...


ကြည့်လိုက်လျင် အမြင်တွင်တော့ အရောင်အနံ့အရသာစုံနှင့် စားချင်စရာ၊ သွားရည်ကျစရာ။

မကောင်းတာက၊ ဤစားစရာမျိုး၏ အရသာက လေးလွန်းသည်။ ဒိန်ခဲအေးနှင့် ကြက်ပေါ်ကြော်ဆိုလျင် အဆီများသောကြောင့် စားရင်းနှင့် နှုတ်ခမ်းဆိုးဆေးတို့ကို ပေပွသွားစေနိုင်သည်။ သတိမထားမိပါက အဝတ်အစားများကိုပင် စွန်းထင်သွားစေနိုင်သည်။ ကွေ့မောမောက ဤအစားအစာများကို "စေ့စပ်စွာ ဂရုတစိုက်"ပြင်ဆင်ပေးခဲ့သည်ကိုး...။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now