၅၈။ ကိုယ်ရံတော်

4K 564 16
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - kktwinklestar

_

"ဒီမိန်းကလေးက......" မိုချင်းဟာ သူ့ရှေ့က မိန်းကလေးကိုကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့တယ်။

ချမ်းသာကြွယ်ဝတဲ့မိသားစုတွေက လူတွေရဲ့အသက်ကိုအလေးမထားဘူး အစေခံတွေကိုလည်း ရောင်းကုန်တစ်ခုလိုဝယ်နေကြတယ်ဆိုတာ သူသိတယ်။ အခုအချိန်မှာ ဒီမိန်းကလေးက သူ့ကိုအစေခံတစ်ယောက်လိုသဘောထားနေတာဖြစ်မယ်။ သူ့ရင်ထဲကနေ မနှစ်မြို့မှုကိုခံစားလိုက်ရတယ်။ ဒါပေမယ့် သူမရဲ့မျက်ဝန်းတွေကိုမြင်လိုက်ရတဲ့အခါ ထိုမနှစ်မြို့မှုတွေက မြူမှုန်တွေလိုချက်ချင်းပဲ အစရှာမရအောင်ပျောက်ကွယ်သွားတယ်။

သူမရဲ့မျက်ဝန်းတစ်စုံဟာ မောက်မာထောင်လွှားမှုတွေရှိမနေဘူး သူတောင်မခန့်မှန်းနိုင်တဲ့ လေးစားမှုတွေနဲ့ ကျေးဇူးတင်မှုအနည်းငယ်ကိုတွေ့လိုက်ရတယ်။ သူတွေဝေသွားခဲ့တယ်။ "မိန်းကလေး ကျွန်တော့်ကိုအရင်က တစ်နေရာရာမှာမြင်ဖူးလို့လား?...."

ရှန်းမြောင်သက်ပြင်းအသာချရင်း "မမြင်ဖူးပါဘူး....."

"ဒါဆို ဘာလို့များ....."

"မင်းရဲ့မျက်ခုံးတွေက အလျားလိုက်တစ်ဖြောင့်တည်းဖြစ်နေပြီး တမူထူးခြားနေတယ် ဒါက ကောင်းမွန်တဲ့သူတွေရဲ့ လက္ခဏာပဲ..... ဒါပေမယ့်အခုအချိန်မှာ မင်းက မင်းနဲ့နှစ်အတော်ကြာအတူရှိခဲ့တဲ့ မင်းရဲ့အဖိုးတန်ဓားကိုရောင်းချင်နေတယ်..... ဆိုလိုခတာက မင်းဟာလမ်းဆုံးနေပြီ..... မင်းမှာအတော်လေးကြီးမားတဲ့အခက်အခဲတစ်ခုရှိနေပြီး ငွေအသည်းအသန်လိုနေပြီ..... အခုအချိန်မှာတစ်ယောက်ယောက်က မင်းကိုငွေလာပေးရင်တောင် မင်းအနာဂတ်ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး..... ငါ....ကြီးကျယ်မြင့်မြတ်လှတဲ့စစ်သူကြီးရဲ့ တိသမီးတစ်ယောက်အနေနဲ့ နှစ်ကုန်မှာမြို့တော်ကိုပြန်လာမယ့် ငါ့အဖေကို မင်းအကြောင်းပြောပေးလို့ရတယ်..... မင်းလိုကိုယ်ခံပညာကောင်းတဲ့သူတစ်ယောက်သာ တိမ်မြုပ်သွားမယ်ဆိုရင် အရမ်းနှမြောဖို့ကောင်းလွန်းတယ်....."

ငြိုးသူ့ကလဲ့စားWhere stories live. Discover now