၆၄။ ရှန်းအိမ်တော်ကို ပြန်ကြပြီ (၃)

4.7K 698 34
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator- Vipvkook

မွန်းတည့်ချိန် ရောက်သည့်အခါ တစ်ချိန်လုံး ရွာနေခဲ့သည့် မိုး တိတ်သွားပြီဖြစ်သည်။

ရှန်းလန် တောင်ကြောတစ်လျှောက်လုံး နေရာအနှံ သွားခဲ့သော်လည်း သမားတော် တစ်ယောက်မှ မတွေ့ခဲ့ချေ…ဆေးပညာအကြောင်း အနည်းအကျဉ်းသိသော ဘုရားဖူး တစ်ယောက်မှလွဲ၍ တခြားသူကို မေးလို့မရ ဖြစ်နေသည်။ ဘုန်းတော်ကြီးများ နေမကောင်းဖြစ်လျှင် သူတို့ဘာသာ ဆေးကျိုချက် သုံးဆောင်လေ့ရှိကြသည်။ ထို့ကြောင့် ရှန်းလန်အနေနှင့် ဘုန်းတော်ကြီးများဆီမှ ရှန်းကျင်း၏ ပြင်ပဒဏ်ရာများအတွက် ဆေးပင်တစ်ချို့ကိုသာ တောင်းခံနိုင်ခဲ့သည်။

အခန်းငယ်လေးသည် ဆေးမြစ်နံ့အပြင် ဆေးကြောထားသော်လည်း ကျန်ရှိနေဆြဲဖစ်သည့် မအီမသာ အနံ့တစ်မျိုးလည်း ပျံ့နေသည်။ ကုတင်ပေါ်မှ မိန်းကလေးသည် သူမ မျက်ဝန်းများကို နာကျင်စွာ မှေးမှိတ်ထားချိန်တွင် ရမ်ဝမ်ယွမ် ပြတင်းဘောင်သို့ မှီကာ ချိချိနဲ့နဲ့ ထိုင်နေသည်။ ရှီချန်း အနည်းငယ်သာ ရှိသေးသော်လည်း သူမပုံစံမှာ ဆယ်နှစ်လောက် ပိုအိုစာသွားသည်။ (၁ ရှီချန် = ၂ နာရီ)

အခန်းတွင်းရှိ အစေခံများမှ ရဲရဲတောင် အသက်မရှူရဲပေ…အသံအနည်းငယ်ကပင် သူမတို့၏ သခင်မကြီးကို ပေါက်ကွဲစေမှာ စိုးရိမ်နေကြသည်။

ရမ်ဝမ်ယွမ် လိုက်ကာစကို ငေးငိုင်ကြည့်နေစဉ်မှာ ကုတင်ပေါ်တွင် လှုပ်ရှားမှုတစ်ချို့ ဖြစ်ပေါ်လာသည်။ သူမ အလျင်အမြန်ပင် ကုတင်ဆီသို့ တိုးရွှေ့ပြီး ခပ်တိုးတိုး ခေါ်လိုက်သည်။

"ကျင်းအာ…"

ရှန်းကျင်း မျက်လုံးများ ဖြတ်ခနဲ ပွင့်လာပြီး ရမ်ဝမ်ယွမ်ကို မြင်သည့်အခါ သူမ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ဖြတ်ပြေးသွားပြီး ရမ်ဝမ်ယွမ် မျက်နှာကို ကုတ်ဆွဲရန် ကြိုးစားတော့သည်။

"ငါ့ကိုလွှတ်! ထွက်သွား! ကယ်ကြပါ!"

"ကျင်းအာ…အမေ! အမေပါ! မကြောက်နဲ့လေ! ဒီမှာ အမေရောက်ပြီလေ!"

ငြိုးသူ့ကလဲ့စားDär berättelser lever. Upptäck nu