၁၇။ ဘယ်သူက သင်ပေးလိုက်တာလဲ...

3.9K 456 9
                                    

၁၀ လပိုင်း လဆန်းအချိန်ခန့် ထူးခြားသော ကိစ္စရပ်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ဆုအိမ်တော်၏ ပထမသခင်လေး ဆုမင်ဖုန်း၊ တင်းမြို့တော်မှ ပင်နန်းဘို၏ မွေခံသား ရုတ်တရက် ရောဂါဆိုးဖြစ်သဖြင့် အိမ်တွင် အနားယူနေရသည်တဲ့။ ပင်နန်းဘိုမှာ သားဖြစ်သူအတွက် စိတ်မကောင်းဖြစ်လွန်းသဖြင့် ဇနီးဖြစ်သူနှင့်အတူ သားကို စောင့်ရှောက်ရန် ရုံးတော်အလုပ်မှ ခေတ္တအနားယူပြီး အိမ်တွင်သာနေလေသည်။ အရှင်မင်းကြီးကလည်း သူ၏ စာနာမှုကို ဖော်ပြရန် အခြားအမတ်တစ်ဦးကို သူ့နေရာတွင် ခန့်အပ်ထားလိုက်သည်။

တင်းမြို့တော်နေ ပြည်သူအပေါင်းကတော့ ဤသတင်းအပေါ် သက်ပြင်းသာချနိုင်သည်။ ဆုပထမသခင်လေးမှာ ပါရမီဉာဏ်ပညာပြည့်ဝသော လူငယ်ရည်ချွန်ဖြစ်သည့်အပြင် မင်းမှုထမ်းဖြစ်ပြီး မကြာခင်မှာပင်၊ ဂုဏ်ထူးဆောင်နိုင်ခဲ့သူ ဖြစ်သည်။ သို့သော် သူ့တက်လမ်းက ပွင့်နေခါမှ၊ အနာဂတ်က အဆုံးမသတ်နိုင် ကျယ်ပြန့်နေသော အခါမှ၊ သူ ရောဂါဘယကြောင့် အရေးနိမ့်သွားခဲ့ရသည်။ သူသည် မည်မျှပင်ထက်မြက်စေကာမူ၊ သုံးနှစ်မှ ငါးနှစ်ခန့်အထိ ရုံးတော်မတက်ဘဲ နေရမှတော့ ရုံးတော်တွင်လည်း သူ့နေရာ ပျောက်သွားနိုင်ပေသည်။

သာမာန်ပြည်သူများကတော့ ထိုသို့ မြင်ကြ၊ တွေးကြသည်။ သို့သော် အတွင်းရုံးတော်မှ မှူးမတ်အပေါင်းကတော့ ထိုသို့မမြင်။ တချို့အမြော်အမြင်ရှိသူများက ဆိုကြသည်။ "ဒါ ဘာရောဂါမှ မဟုတ်ဘူး... ဘေးသင့်မှာစိုးလို့ ရှောင်တာပဲ... အစကတော့ ဒီဆုမိသားစုဟာ လောင်နေတဲ့ မီးထဲ ဆီလောင်းထည့်နေလို့ တစ်အိမ်လုံး မီးထဲ ပါသွားတော့မယ် ထင်နေတာ... သူတို့အခြေအနေ သူတို့ နားလည်သားပဲ... ခုလိုမျိုးထိ ကြံစည်ပြီး ပြင်ဆင်လိုက်တယ်ဆိုတော့..." ဟူ၍။

ဤစကားများ ရှန်းမြောင်နားသို့ရောက်တော့ သူမ ခြံဝန်းထဲ၌ Begonia ပန်းခက်များ ပုံသွင်းနေချိန်ဖြစ်လေသည်။ ဒီရက်ပိုင်း ကွမ်ဝမ့်ထန်၌ လူတိုင်းက ဆုပထမသခင်လေးအကြောင်းသာ ပြောဆိုနေကြသဖြင့် သူမကို မည်သူမျှ အရေးမစိုက်အားပေ။ သူမလည်း ပေါ့ပါးအေးဆေးတိတ်ဆိတ်သော နေ့များကို ဖြတ်သန်းခဲ့ရသည်။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now