၉။ ဖေ့ရှုကိုင်း (ဆရာဖေ့)

3.8K 407 3
                                    

အသက်နှစ်ဆယ်စွန်းစ လူငယ် ယောက်ျားပျိုတစ်ဦး အခန်းပြင်မှ လျှောက်ဝင်လာသည်။ ပေါ့ပါးသော ဝတ်ရုံကို ဆင်မြန်းထားပြီး သူ့မျက်နှာသွင်ပြင်လက္ခဏာများမှာ ထင်ရှားလှသည်။ သူ၏ ကိုယ်ဟန်က အနည်းငယ်အားနည်းဟန်ပေါ်သော်လည်း အမျိုးကောင်းသားတစ်ဦးရှိသင့်ရှိထိုက်သည့် ရုပ်ရည်သွင်ပြင်မျိုးမှန်း သိသာသည်။ သူ ဝင်လာကာ ချီးမွှန်းလိုက်သည်။ "ပြောတာ ကောင်းတယ်... အချစ်ဆိုတာမှာ မြင့်မြတ်တဲ့ဂုဏ်သိက္ခာတစ်မျိုးရှိတာကြောင့် လှောင်ပြောင်ပြောစရာမဟုတ်ဘူး... ကွမ်ဝမ့်ထန်ဆိုတာ ပညာသင်ကြားဖို့ ကျောင်းတော်ကြီးဆိုပေမယ့်... ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို လေ့လာသင်ယူဖို့နေရာလည်း ဖြစ်တယ်..." 

ကျောင်းသားကျောင်းသူအပေါင်းတို့ မည်သူမျှ စကားမဟကြတော့။

ရှန်းမြောင်က ထိုလုလင်ပျိုအား စေ့စေ့စပ်စပ်ကြည့်လေသည်။

ဖေ့လန်သည် ကွမ်ဝမ့်ထန်၌ စာရင်းအင်းပါ သင်ကြားပေးသူဖြစ်သည်။ ကွမ်ဝမ့်ထန်၌ စာရင်းအင်းပညာသင်ကြားပေးနိုင်သော ဇွဲလုံ့လပညာဉာဏ်နှင့် ပြည့်စုံသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ဖေ့ရှုကိုင်းသည် စိတ်ဓာတ်ပျော့ပျောင်း၍ စိတ်ရှည်သည်းခံတတ်သည်။ ထို့ကြောင့် အခြားသော စည်းကမ်းတင်းကြပ်သည့် ဆရာများနှင့် နှိုင်းစာလျင် သူ့အား ကျောင်းသားများက ပို၍ လေးစားကြည်ညိုကြလေသည်။ အမြဲတစေ ညံ့ဖျင်း၍ အဆင့်နောက်ဆုံးဘိတ်ရောက်နေတတ်သော ရှန်းမြောင်ကိုပင်လျင် ဖေ့ရှုကိုင်းက စိတ်ရှည်စွာ ထပ်တလဲလဲရှင်းပြသင်ပြ၍ မဆူ မငေါက်ခဲ့။

သို့ဆိုလျင် ဤပုဂ္ဂိုလ်မှာ ဆရာကောင်းတစ်ယောက်ဖြစ်လေသည်။ သူ၏ ကိုယ်ကျင့်တရားရော ပညာပါရမီကပါ လူတစ်သောင်းမှ တစ်ယောက်၌သာ တွေ့ရခဲသော အရည်အချင်းမျိုးဖြစ်လေသည်။ သို့သော် ကံမကောင်းစွာနှင့်၊ ရှန်းမြောင်က သူ၏ အခြားအကျင့်စရိုက်နှင့် မူဟန်ကိုလည်း သိထားလေသည်။ 

ဖူရှိုးယီသည် သူ၏ အကြံများ၊ အကူအညီများအား အားကိုးအားထားပြု၍ နန်းတက်နိုင်ခဲ့သည်။ သူ ထီးနန်းရသောအခါ ဖေ့လန်အား နန်းတွင်းပညာရှိ ပုရောဟိတ်အရာ အပ်နှင်းခဲ့သည်။ ပုရောဟိတ်ဖေ့လန်ဆိုသူမှာ အောင်မြင်မှုဂုဏ်ဝင့်၍ လူအများအထက် လူတစ်ယောက်အောက်၌သာရှိသူဖြစ်သည်။ 
[မှတ်ချက်။       ။ အများအထက် တစ်ယောက်အောက်က ဘုရင်ကလွဲရင် ကျန်တဲ့သူတွေထက် အဆင့်မြင့်တယ်လို့ပြောတာပါ။]

ငြိုးသူ့ကလဲ့စားOnde histórias criam vida. Descubra agora