၂၈။ ပန်ကုန်း ပြန်လာပြီ

4.2K 487 14
                                    


သက်​လတ်​ပိုင်း အရွယ်​ ​အမျိုးသားတစ်​​ယောက်​က တဖြည်းဖြည်း ​လျှောက်​လှမ်းလာသည်​။သူက အဲ့ဒီ့အရာရှိ​တွေ သခင်​​လေး​တွေ ရှိ​သော ​နေရာတွင်​မထိုင်​ဘဲ အနည်းငယ်​​ဝေး​သော အထူးဧည့်​သည်​​တော်​​တွေ အတွက်​ သတ်​မှတ်​ထား​သော ခုံတွင်​ ​နေရာယူသည်​။ အဲ့ဒီလူဟာ အသက်​​လေးဆယ်​ ဝန်းကျင်​ရှိပြီး ​မှောင်​မိုက်​ကာ အကျည်းတန်​ သည်​။ ထင်းရှူး​ရောင်​ ဝတ်​ရုံကို ဝတ်​ဆင်​ထားသည်​။ သူ့ဝတ်​စုံ​တွေဟာ တန်​ဖိုးကြီး​သော်​ငြား ကံမ​ကောင်းစွာဖြင့်​ ထိုလူတွင်​ ​ခြေ​ထောက်​ တစ်​​ချောင်းသာ ရှိသည်။

သူက ဧကရာဇ်​မင်း၏ အစ်​ကို​တော်​ ပထမအဆင့်​ မင်းသားယွီဖြစ်​သည်​။

မင်းသားယွီသည်​ ဧကရာဇ်​ နှင့်​ အ​မေတူသည်​။ သူ ငယ်​ရွယ်​စဉ်​တုန်းက ဧကရာဇ်​၏ အသက်​ကို ရန်​သူများ လက်​ထဲမှ ကယ်​ခဲ့​သော​ကြောင့်​ ​ခြေတစ်​ဖက်​ ဒဏ်​ရာရပြီး ဖြတ်​ခဲ့ရ​သော​ကြောင့်​ ​ခြေ​ထောက်​တစ်​ဖက်​ ဆုံးရှုံးခဲ့ရသည်​။ ထို​မ​တော်​တဆမှုဖြစ်​ပြီး​နောက်​ မင်းသားယွီ၏ စိတ်​​နေစိတ်​ထားသည်​ ​ပြောင်းလဲပြီး လူမဆန်​သူ ၊ ရက်​စက်​သူ၊ ကတ်​သီးကတ်​သတ်​ နိုင်​​သောသူ ဖြစ်​လာခဲ့သည်​။ သူ့တွင်​ တစ်​အိမ်​လုံးအပြည့်​ ကိုယ်​လုပ်​​တော်​များရှိသည်​ကို ​အင်​ပါယာ မိသားစုက သိ​သော်​လည်း အပြင်​လူများက ဘာမှ မသိ​ပေ။ မင်းသားယွီတွင်​ မ​ရေမတွက်​နိုင်​​အောင်​ များပြား​သော အမျိုးသမီးများနှင့်​ ​သူတို့ မ​သေမချင်း ​ဆော့ကစားသည့်​ ညစ်​ညမ်း​သော ဝါသနာရှိသည်​။

ယွီဝမ်​​ဖေး (မိဖုရား ယွီ)သည်​ လွန်​ခဲ့​သော ခုနှစ်​နှစ်​ထဲက ​သေဆုံးခဲ့ပြီး​သော်​လည်း အင်​အားရှိ​နေဆဲဖစ်​သည်​။ ထိုအချိန်​ထဲက ဧကရာဇ်​နှင့်​ သူ့ ဧကရီက မင်းသားယွီကို ကာကွယ်​​ပေးခဲ့​သော​ကြောင့်​ ယွီဝမ်​​ဖေး၏ မိသားစုသည်​ သူတို့၏ မ​ကျေနပ်​မှုများကို မြိုသိပ်​လိုက်​ရသည်​။

မကြာ​သေးခင်​က မင်းသားယွီသည်​ အိမ်​​တော်​အတွင်း ဝမ်း​ဖေးတစ်​​ယောက်​ ​ခေါ်ယူရန်​ ရည်​ရွယ်​​နေသည်​ဆို​သော သတင်းကို အိမ်​​တော်​ရှိလူများထံမှ ကြားလိုက်​ရသည်​။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now