၃၇။ သူ့အမေး

4.2K 509 14
                                    

"သခင်မလေး..." ကူယွိနှင့် ကျင်းကျီတို့ ရှန်းမြောင်ရှေ့ အကာအကွယ်ပြုရန် ကာစီး၍ ရပ်လိုက်ပြီး အသံခပ်ကျယ်ကျယ်နှင့် သူတို့သခင်မကို သတိပေးလိုက်သည်။ အဖိုးတန်အဝတ်အစားများကို ကျော့မော့စွာ ဝတ်ဆင်ထားသော ဤလူငယ်မှာ အလွနခ ချောမောခံ့ညား၍ မြင့်မြတ်တည်ကြည်ဟန်ရှိသောကြောင့် သူ့အဆင့်အတန်းနှင့် သူမည်သူဖြစ်ကြောင်း သူမတို့ သံသယစိတ်ဖြင့် သိနေလိုမိသည်။ တကယ်တမ်းမှာတော့ သူဟာ သူစိမ်းယောက်ျားတစ်ဦးဖြစ်နေသဖြင့် မတော်သင့်သည်တို့ မမျှော်လင့်ပါဘဲ ဖြစ်သွားမည်ကို ကျင်းကျီနှင့် ကူယွိတို့က စိုးထိတ်နေကြခြင်းဖြစ်သည်။

"ကူယွိ... ကျင်းကျီ... တောအုပ်အဝင်မှာ သွားစောင့်ကြပ်နေ..." ရှန်းမြောင်က ဆိုသည်။

"ဒါပေမယ့် မမလေးရယ်..." သူတို့နှစ်ဦးစလုံး မသွားလို၊ တုံ့ဆိုင်းနေမိသည်။

"သွားလေ..." ရှန်းမြောင် မျက်မှောင်အသာကျုတ်သွားမိသည်။ ဘာ့ကြောင့်ရယ်တော့ မငိကြ၊ သို့သော် သူမတို့ သခင်မလေးမှာ အမိန့်ပေးရာ၌ ပိုမို ဟိတ်ဟန်ရှိလာသည်ဟု ထင်ရသည်။ သူမ အစေခံများကို အမိန့်ပေးလိုက်တိုင်း လွန်ဆန်ဖို့ မဝံ့ရဲလောက်အောင် မသွေဖီနိုင်စေလောက်သည့် ရာဇသံပါနေတတ်သည်။ မည်သူကမျှ အမိန့်မနာခံဘဲ မနေဝံ့ပေ။

ကျင်းကျီနှင့် ကူယွိလည်း ပြန်ဆုတ်ရကာ မက်မွန်တောအပြင်၌သာ သွားစောင့်နေရတော့လေသည်။

"မင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ..." ရှဲ့ကျင်းရှင်း ပင်စည်ကိုမှီရင်း သူမကို ပြုံးတုန့်တုန့်နှင့် ကြည့်နေလေသည်။ သူဟာ မျိုးဂုဏ်မြင့်၍ ဆင်းရဲဒုက္ခနှင့် မသက်ဆိုင်သူ သခင်လေးဖြစ်ရမည်မှန်သော်လည်း သူ့မှာ စစ်မြေပြင်က သွေးမြေကျသည်များကို မြင်တွေ့ဖူးသော စူးရှမျက်ဝန်းနှင့် အေးတိအေးစက် တုံးတိတိလေသံမျိုး ရှိနေလေသည်။ တကယ်တမ်းလည်း သူ စစ်မြေမြင်မှ သွေးမြေကျရသည်များကို တွေ့မြင်ခဲ့သည်လေ။ 
(NC: အဲ့တုန်းက သူလည်း rebirth လားလို့ သံသယဖြစ်ခဲ့မိ)

"ရှဲ့နယ်စားကလေးက ဘာပြောချင်တာပါလဲ..." ရှန်းမြောင် မေးလိုက်သည်။ ရှဲ့ကျင်းရှင်း ရုတ်တရက် ထွက်ပေည်လာသည်မှာ အလ္လာပ သလ္လာပပြောဖို့ရာတော့ မဖြစ်နိုင်ပေ။ သည်လူမှာ ငယ်ရွယ်သူဖြစ်သော်ငြား ပြတ်သားလှသော သူ့လုပ်ရပ်တစ်ခုချင်းစီက နယ်စားကြီးကိုယ်တိုင်တောင် သူ့ကို ထိန်းချုပ်၍ မရကြောင်း သိသာသည်။ သူ ကိစ္စအဝဝကို ဆောင်ရွက်ကိုင်တွယ်ပုံကလည်း အလွန်ပင် ဘွင်းဘွင်းရှင်းရှင်းဖြစ်နေတတ်သဖြင့် အများတကာက သူ့လုပ်ရပ်များကို နားမလည်တတ်ကြပေ။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now