၁၅။ ဆုမင်ဖုန်း

3.8K 372 16
                                    

အရှေ့အိမ်တော်ဘက်မှ မည်သို့ပင် ပြုမူနေစေကာမူ၊ ရှန်းမြောင်ကတော့ ဒုတိယအိမ်ခွဲ၊ တတိယအိမ်ခွဲတို့မှ လူများနှင့် ခပ်တန်းတန်းသာ ဆက်ဆံလေသည်။ ရှန်းယွဲနှင့် ရှန်းချင်းတို့အားလည်း တွယ်ကပ်မနေတော့။ ပထမတွင်တော့ သူမ ရေကန်ထဲကျခဲ့သည့်အတွက် ကလေးဆန်စွာ စိတ်ကောက်နေသည်ဟု ရှန်းတစ်အိမ်တော်လုံးက ထင်ခဲ့သည်။ သို့သော် ရှန်းမြောင်တစ်ယောက် သူမဘာသာ အိမ်တွင်းရေးကိစ္စတို့ကို ခြယ်လှယ်လာသောအခါ ကျန်သူများစိတ်ထဲ စနိုးစနောင့်ဖြစ်လာတော့သည်။

ကွေ့မောမောကတော့ အရှေ့ဘက်အိမ်တော်အား စိတ်မခုရန် ထုံးစံအတိုင်း ရှန်းမြောင်ကို ဖြောင်းဖျတတ်သည်။ တခါတရံ အရှင့်သားတင်းဝမ်က မင်ချီတိုင်း၏ ပြိုင်ဘက်ကင်း ယောက်ျားကောင်းဖြစ်ကြောင်းလည်း ပြောတတ်သည်။ သို့သော် ကွေ့မောမော ထိုသူအကြောင်း ပြောဖော်ပြတိုင်း ရှန်းမြောင်ကတော့ စိတ်မလှုပ်ရှား။ ထိုအစား ကွေ့မောမောကိုသာ ပြစ်တင်ဆူပူသောကြောင့် ကွေ့မောမော ခေါင်းခဲလာတော့လေသည်။ သို့ရာတွင် အနောက်ဘက်အိမ်တော်ဝန်းတစ်ခုလုံးမှာ ဒုတိယ၊ တတိယအိမ်တော်ခွဲမှ အတွင်းလူလုပ်သားများသာ ပြည့်နေလေသည်။ ထို့ကြောင့်လည်း ရှန်းမြောင် စိတ်နေစိတ်ထားပြောင်းပြီး နောက်ပိုင်း အိမ်တော်ဝန်းကို ပြန်လည် ရှင်းလင်းစီမံခန့်ခွဲမည်ဟု ကူယွိတို့က ထင်ခဲ့သည်။ သို့သော် ရှန်းမြောင်မှာ ထိုကိစ္စကို လျစ်လျူရှုထားလေသည်။

အမှန်တကယ်တော့၊ ရှန်းမြောင်၌ နည်းလမ်း အစီအစဉ်ရှိပြီးသားဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူမ ကွမ်ဝမ့်ထန်သို့ မှန်မှန်သွးသည်။ အများတကာက သူမအား ခြေနင်းဖုန်သုတ်ဝတ်သကဲ့သို့ သဘောထားကြသော်လည်း သူမ ဒေါသမထွက်၊ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေသည်။ သူမ ဤသို့ ဥပေက္ခာပြု ပိုသည်းခံလေလေ၊ အခြားသူများ ပို၍ ငြီးငွေ့လာလေလေဖြစ်ပေမည်။ ထို့ကြောင့် နောက်ပိုင်းရက်များက သူမအတွက် ပို၍ ငြိမ်းချမ်းအေးဆေးလာတော့သည်။

ယနေ့ စာပေပညာအတန်း ပြီးသောအခါ ရှန်းမြောင်တစ်ယောက် မွန်းကြပ်လာသဖြင့် ကွမ်ဝမ့်ထန်တွင်းရှိ ဥယျာဉ်ဘက်သို့ လမ်းလျှောက်ထွက်လာလိုက်သည်။

ငြိုးသူ့ကလဲ့စားWhere stories live. Discover now