Part ( 2 )

3.2K 139 4
                                    

အားကစားလိုက်စားသူတစ်ဦး မဟုတ်သော်ငြားလည်း အဆီပိုမရှိ ကျစ်လစ်သောကြွက်သားများနှင့် ၅ပေ ၉လက်မထိ ရှည်လျားသောမိမိအရပ်တို့က စွဲမက်ဖွယ်ကောင်းသော ယောက်ျားတစ်ဦးအသွင်သို့ ပံ့ပိုးကူညီနေသယောင်။

အဝါဘက်သန်းနေသော အသားရောင်နှင့် ထူထဲသောမျက်ခုံး၊ V-Shape ပုံသဏ္ဌာန်မျက်နှာကျတို့ကြောင့် ကြည့်ကောင်းနေလေသည်။

နက်ပြာရောင်အင်္ကျီကို တံတောင်ထိလက်ခေါက်တင်ထားပြီး ယောပုဆိုးအနက်နဲ့ မှန်ထဲမှ မိမိကိုယ်ပွားအားကြည့်ပြီး စိတ်ကျေနပ်သည်အထိ ပြင်ဆင်ပြီး အခန်းထဲမှ ထွက်လာလိုက်၏

" ဟာ ဟျောင့် လင်ကွင်း ထူးထူးဆန်းဆန်း အင်္ကျီတွေ ဘာတွေနဲ့ပါလား "

အခန်းထဲမှာထွက်လာသော မိမိအားကြည့်ပြီး ဆိုဖာပေါ်တွင် ဂိမ်းထိုင်ဆော့နေသော ဟိန်းသူရထံမှ ကြားလိုက်ရသော စကားသံကြောင့်

" အေး ဟုတ်တယ် အရင်ကိုယ်လုံးတီးနေနေတော့ အင်္ကျီလေး ဘာလေးဝတ်ဖူးတယ်ရှိအောင် ဝတ်ကြည့်တာ "

ဟုတ်တယ်လေ ဘယ်နှယ့် လူကိုများ အင်္ကျီတွေ ဘာတွေနဲ့ဆိုတော့ မသိရင် အရင်က ကိုယ်ပဲ အဝတ်အစားမဝတ်ဘဲ နေနေသလိုလို

မိမိစကားကြောင့် မျက်နှာမဲ့ရွဲ့သွားသော ငဟိန်းအား

" သွားမပြောနဲ့ ငဟိန်းရေ … ဒီကောင်က သူ့ဟန်လေးနဲ့တွေ့ရတော့မယ်ဆိုပြီး … မနေ့ထဲက မိုးမမြင်လေမမြင်ဖြစ်နေတာ "

ဟုနောက်ဖေးမှ ကော်ဖီခွက်ကိုင်ပြီး ထွက်လာသော ငအံ့က လှမ်းပြောလေသည်။

သိနေတယ် သိနေတယ် ဒီနှစ်ကောင် ငါ့ကိုပြောတော့မယ်ဆိုတာ

" ဒါနဲ့ လင်ကွင်း မင်းသူ့ကိုဖွင့်ပြောမှာလား "

ငဟိန်းရဲ့ အမေးစကားကြောင့် သူငယ်ချင်းတွေအား စနောက်နေရင်း လင်းခန့် ငိုင်ကျသွားလေသည်။

ဖွင့်ပြောရမလား။ ဟင်အင်း
ပြောလို့မရဘူးလေ။ ဘာလို့ဆို ကျွန်တော် ချစ်မိတဲ့သူက ချစ်ကြောင်းဖွင့်ပြောလိုက်တာနဲ့ ရှက်ပြုံးလေးတစ်ခုနဲ့အတူ ခေါင်းညိတ်လက်ခံမယ့် မိန်းကလေးမှမဟုတ်တာ။ မိမိကဲ့သို့သော ယောက်ျားသားတစ်ဦးကို ဖွင့်ပြောဖို့ဆိုတာက ……

တစ်ရံရောအခါ.....Where stories live. Discover now