Part ( 30 )

821 39 0
                                    

မိမိလက်သန်းကို သူ့လက်သန်းသေးသေးလေးနဲ့ ချိတ်တွယ်ကာ တစ်နေ့မိမိကို ပြန်ရှာကာ မုန့်ဝယ်ကျွေးမည်ဟူသော ကလေးငယ်လေးက မိမိတွက် ချစ်မြတ်နိုးရသော လူသားလေး ဖြစ်တည်လာခဲ့သည်။ သူစောင့်နေခဲ့ပါသည်။ ရက်ကိုလစား၊ လကိုနှစ်စား၍ ထိုအသေးလေးကိုစောင့်မျှော်ခဲ့တာ ဆယ်နှစ်ဆိုသောအချိန်ပမာဏမျှ ကြာမြင့်ခဲ့သည်။

လွန်ခဲ့သောဆယ်နှစ်က တံတားလေးပေါ်တွင် ခြေဆင်းထိုင်ကာ ရှိုက်ကြီးတငင် ငိုနေသော ကလေးလေးက ယခုတွင်တော့ လူပျိုပေါက်အရွယ်ပင် ဖြစ်လာချေပြီ။ တစ်ချိန်က စကားတွေ တီတီတာတာနဲ့ ပြောတတ်လွန်းကာ ချွဲတတ်လွန်းသော အသေးလေးက ခုတော့ အနေအေးကာ စကားနည်းသူဖြစ်နေချေပြီ။ တစ်ခါတစ်ရံ တစ်ဖက်လူကိုလည်း အနိုင်ပိုင်းကာပြောတတ်သေးသည်။ တစ်ချိန်က မိမိကျောပိုးခဲ့သော အသေးလေးက ယခုတွင်တော့ မိမိရဲ့ချစ်ရသူလေး ဖြစ်နေချေပြီ။

အချစ်ဆိုတာ ဘာမှန်းတောင်မသိသော ဆယ့်သုံးနှစ်အရွယ် ကလေးဘဝလေးထဲက မိမိကိုလွှမ်းမိုးခဲ့သည်မှာ ယခုနှစ်ဆယ့်သုံးနှစ်အရွယ်ထိပင်။ စိတ်ညစ်စရာတွေ စိတ်ရှုပ်စရာတွေ ကြုံလာခဲ့တိုင်း လိုချင်သောပူဖောင်းရသွား၍ ကျေနပ်ကာပြုံးလာသောအပြုံး၊ မိမိလက်သန်းကိုချိတ်၍ ပြုံးပြခဲ့သော အပြုံးလေးတွေကို သတိတရနဲ့ အမှတ်ရကာ စိတ်တို့ကြည်လင်ခဲ့မြဲ။

ကော်ဖီဆိုင်တွင် ပြန်ဆုံတွေ့ခဲ့စဉ်က မိမိတို့ဝိုင်းရဲ့ တစ်ဝိုင်းကျော်တွင်ထိုင်နေသော လူပျိုပေါက်အရွယ်ကောင်လေးအား အသေးလေးမှန်း ချက်ချင်း သူမှတ်မိခဲ့သည်။ ထိုကောင်လေးထွက်သွားသော ကျကျန်ခဲ့သော ကောင်လေးရဲ့ဖုန်းအား ပိုင်ရှင်မသိအောင် ဖွင့်ကြည့်မိသည်။ ကံကြမ္မာက မျက်နှာပေးသည်ဆိုမလား လော့ခ်မခတ်ထားသောဖုန်းလေးထဲမှ ဖေ့စ်ဘွတ်ဆော့ဖ်ဝဲလ်ကိုရှာဖွေကာ ထိုကောင်လေးရဲ့အကောင့်ကို မိမိအကောင့်သို့ friend requestပို့၍ ဆိုင်မှဝန်ထမ်းကောင်လေးတစ်ယောက်အား အသေးလေးဆီဖုန်းသွားလိုက်ပေးဖို့ မုန့်ဖိုးပေး၍ သူတောင်းဆိုခဲ့သည်။

ထိုနေ့မှစ၍ အသေးလေးအကောင့်ကို နေ့တိုင်းဝင်ကြည့်ဖြစ်ကာ check inဆိုသော ပိုစ့်တွေတိုင်း ချက်ချင်းလိုက်သွားကာ သူလေးနောက်ကို တိတ်တဆိတ်လိုက်၍ ကြည့်နေခဲ့မိသည်။ သူလေး သတိထားမိအောင်လည်း မိမိရဲ့ပုံတွေခဏခဏ တင်ဖြစ်မိသည်။ ဒါပေမယ့် အသေးလေးက မိမိကိုမမှတ်မိချေ။ တစ်ပတ်လောက်ကြာသည်ထိ မိမိမှာစကားပြောရကောင်းနိုး၊ မပြောရကောင်းနိုး ဝေခွဲမရခဲ့။ နောက်ဆုံး သူ့အနေနဲ့စကားသွားပြောတော့ ပြန်ပြောလာသော အသေးလေးကြောင့် တစ်ဖြည်းဖြည်းခင်မင်ရင်းနှီးလာအောင် သူကြိုးပမ်းခဲ့ရသည်။

တစ်ရံရောအခါ.....Where stories live. Discover now