Part ( 32 )

808 36 0
                                    

" ဘာ … ဘယ်လို "

ဟန်စစ်တို့လမ်းထိပ်တွင် လင်းခန့်ကားပေါ်ကဆင်းသွားတော့ ကျွန်တော်တို့ အေးဆေးစကားပြောရအောင်ဟု စကားစလာသော ကျူးလေးကြောင့် ကန်တော်ကြီးမြေပဒေသာကျွန်းသို့ ခေါ်လာခဲ့လိုက်သည်။ မိမိတို့ ရောက်နေသည့်အချိန်မှစ၍ အချိန်တော်တော်ကြာသည်အထိ စကားမပြောဘဲ တိတ်ဆိတ်နေကာ အဝေးကိုသာငေးမောကြည့်နေရင်းမှ စကားစလာသော ကျူးလေးရဲ့စကားကို ကြားစဉ်တစ်ခဏ အံ့မင်းသာ ကိုယ့်နားကိုယ် မယုံနိုင်ချေ။

ဟန်စစ် … ဟန်စစ်က လူကြီးချင်းသဘောတူထားသော မိန်းကလေးနဲ့သွားတွေ့တာတဲ့လား။ ဒါဆို မိမိသူငယ်ချင်းကရော …

" ဒါဆို မင်း ဘာလို့ လင်းခန့်ကို လိမ်ပြောလိုက်တာလဲ "

" အစ်ကိုလင်းခန့်ကို စိတ်မညစ်စေချင်လို့။ ပြီးတော့ ကျွန်တော် အမှန်အတိုင်း ပြောဖို့ မတတ်နိုင်လို့ "

" ဘယ်လိုပဲဖြစ်ဖြစ် မင်း လင်းခန့်ကိုတော့ မလိမ်သင့်ဘူးလေ "

" ကျွန်တော့်နေရာမှာ အစ်ကိုဆိုရင်ရော အစ်ကိုလင်းခန့်ကို အမှန်တိုင်းပြောနိုင်မယ် ထင်လား။ ဟန်စစ်အပေါ် အစ်ကိုလင်းခန့်ရဲ့မေတ္တာတွေကို မြင်နေတာတောင် အစ်ကိုလင်းခန့်ကို … "

ပြောပြီး ခေါင်းငုံ့သွားသော ကျူးလေးကြောင့် အံ့မင်း သက်ပြင်းတစ်ချက်ရှိုက်၍ ရှေ့က ကန်ရေပြင်ကိုသာ ငေးကြည့်နေမိသည်။ ကျူးလေးနေရာမှာ မိမိသာဆိုရင် လင်းခန့်ကို အမှန်တိုင်းပြောမိပါ့မလား။

ဟူး … လောကကြီးက တကယ်မလွယ်ပါလား

တစ်ခဏအကြာ တိတ်ဆိတ်နေသော အခြေအနေအား အံ့မင်းဘက်ကပင် စတင်ဖြိုခွဲလိုက်သည်။

" ကျူးလေးရော ဘယ်လိုထင်လဲ။ ဟန်စစ်အမေပြောတဲ့အတိုင်း ဟန်စစ်က တကယ်ပဲ လူကြီးချင်းသဘောတူထားတဲ့သူနဲ့ သွားတွေ့တယ်ထင်လား "

မိမိရဲ့သူငယ်ချင်းတွေအကြောင်းကို မိမိသာအသိနိုင်ဆုံးမို့ ဟန်စစ်ရဲ့သူငယ်ချင်းဖြစ်တဲ့ ကျူးလေးလည်း ဟန်စစ်အကြောင်း အသိနိုင်ဆုံးဟုထင်ကာ သူ ဒီမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။ သူ့မေးခွန်းကို ကျူးလေးက ခေါင်းခါကာ

တစ်ရံရောအခါ.....Where stories live. Discover now