Part ( 7 )

1.3K 73 2
                                    

ဟန်စစ်တစ်ယောက်မှန်ရှေ့တွင် ဆံပင်ကိုလှဲလိုက် ထောင်လိုက်နဲ့ တစ်ယောက်ထဲအလုပ်ရှုပ်နေလေသည်။
ဆံပင်တွေကိုအနည်းငယ်ထောင်လိုက်ပြီး မှန်ထဲကကိုယ့်ပုံကိုကြည့်တော့ စိတ်ဆင်းရဲစရာအလား။ဆံပင်တွေကို လှဲလိုက်ပြန်တော့လည်း တစ်ခါလဲဒီပုံ နှစ်ခါလည်းဒီပုံ ရိုးလွန်းတယ်။

ဟူးးးးး

ဟန်စစ် စိတ်ညစ်ညစ်နဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေသည်။

အစ်ကိုနဲ့ ချစ်သူတွေဖြစ်ပြီးထဲက ခုမှပထမဦးဆုံးချိန်းတွေ့ခြင်းပင် ဖြစ်သည်။ အရင်ကတွေ့နေကြဖြစ်ပေမယ့် အဲ့တုန်းက ဒီတိုင်းအစ်ကိုအနေနဲ့တွေ့တာမို့ ဘာမှမဖြစ်ပေမယ့် ခုလိုချစ်သူအနေနဲ့ တွေ့ရမှာဆိုတော့ ရင်ခုန်သလိုလို ဘာလိုလိုနဲ့ ဟီးး ဟီးး။

မဖြစ်ဘူး မဖြစ်ဘူး။ ပထမဦးဆုံး ချိန်းတွေ့မည့်နေ့တွင် ကိုယ့်ပုံစံကရုပ်ပေါက်နေလို့မဖြစ်။ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ်  ကိုယ့်ချစ်သူရှေ့တော့ လှချင်ကြတာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုမျက်လုံးထဲတော့ ကျွန်တော်ကကြည့်ကောင်းနေဖို့ လိုသည်။

" ဟန် ဘယ်လိုပဲနေနေ ကိုယ့်မျက်လုံးထဲတော့ ဟန်က ချစ်ဖို့ကောင်းနေရောပဲ "

ခွီ ခွီ

အစ်ကိုစကားကို နားထဲပြန်ကြားယောင်၍ ဟန်စစ်အူမြူးနေရင်း ရှက်ရှက်နဲ့ နံရံမှာ မျက်နှာအပ်လိုက်ရင်း မျက်နှာက ပြုံးဖြီးနေ၍ နံရံကိုလက်တွေဖြင့် ရိုက်နေမိလေသည်။

အဟမ်း

ချောင်းတစ်ချက်ဟန့်လိုက်၍ ခုဏကပုံစံက မိမိမဟုတ်သည့်အတိုင်း ခပ်တည်တည်ဖြင့် မှန်ရှေ့ပြန်လာ၍ ခေါင်းဖြီးလိုက်သည်။

ဒီတိုင်းသွားလို့လဲ ကိစ္စမရှိပါဘူးလေ။ အရေးကြီးတာ အစ်ကိုက ငါ့ကိုချစ်နေဖို့နဲ့ ငါကလည်း အစ်ကိုကို့ချစ်နေဖို့ပဲကို

ဟုတ်တယ် ချစ်နေဖို့ပဲလိုတာ။ အစ်ကို့ကို သူချစ်လို့လဲ ပြန်တွေ့တော့ ခင်မင်ခွင့်ရအောင် ကြိုးပမ်းခဲ့တာပဲလေ။
ယောက်ျားလေးတစ်ယောက်ကို ချစ်မိတဲ့အတွက် အပြစ်ရှိတယ်ဆိုရင်လည်း သူအဲ့အပြစ်ကို ကျေကျေနပ်နပ်နဲ့ကို လက်ခံပါသည်။ အခြောက်ဆိုရင်လည်း ကျေနပ်ပါသည်။ ဒါမှမဟုတ် လူတွေပြောကြသလို အတိတ်ဘဝက သူများသားသမီးကိုဖျက်ဆီးခဲ့လို့ ခုလိုဖြစ်ရတာလို့ ပြစ်တင်ပြောဆိုကြရင်တောင် လင်းခန့်နိုင်ဆိုတဲ့ ထိုလူသားကို ချစ်မိသည့်အတွက် နောင်တမရမိပေ။

တစ်ရံရောအခါ.....Où les histoires vivent. Découvrez maintenant