Part ( 21 )

861 41 6
                                    

ဟန့်ကိုထားခဲ့ကာ အတော်ဝေးဝေးထိ လင်းခန့်တစ်ယောက်ထဲ လမ်းလျှောက်လာရင်း တွေးနေမိသည်။ မိမိနဲ့ ဟန့်ကြား ဘယ်အရာက ထိုကဲ့သို့ ဟန့်ကို ထင်စေသနည်း။ ဒီအတော်အတွင်း ဟန်လည်း စာတွေကြားနစ်မြုပ်နေသလို၊ မိမိလည်း အလုပ်တွေကြားခေါင်းနစ်နေခဲ့တာကြောင့် မိမိတို့နှစ်ယောက်လုံး တွေ့တဲ့အချိန်တွေလည်း နည်းသွားကာ၊ ညဘက် စကားပြောချိန်တွေလည်း နည်းနေခဲ့သည်။ ဒါတွေကြောင့် ဟန်ပြောင်းလဲသွားမည်ဆိုလျှင်တော့ ဖြစ်နိုင်ချေမရှိပေ။ ဟန်ရဲ့အကြောင်းကို သူသိသည်။ ထိုမျှလောက်နှင့်တော့ သူ့အပေါ် အချစ်လျော့သွားမည့်သူမျိုး မဟုတ်ပေ။ ဒါဆို မိမိတို့နှစ်ယောက်ကြား အဘယ်သို့သောအရာက ဝေးကွာစေခဲ့သနည်း။

အတော်လေးလမ်းလျှောက်လာပြီး ကန်ရေပြင်နဲ့မလှမ်းမကမ်းက မြက်ခင်းတွင် ထိုင်လိုက်သော အစ်ကို့ကြောင့် ဟန်စစ်သက်ပြင်းချမိသည်။ ဟန်စစ် အစ်ကို့နားတွင် တိတ်တဆိတ် ထိုင်နေလိုက်သည်။ အချိန်အတော်ကြာသည်အထိ သူတို့နှစ်ယောက် စကားမပြောဖြစ်ကြပေ။ နောက်ဆုံး ဟန်စစ်ဘက်ကပင် စတင်၍

" အစ်ကို "

" ကိုယ် တစ်ယောက်ထဲနေချင်တယ် "

တောင်းဆိုတာလည်းမဟုတ်သလို အမိန့်ပေးနေတာလည်းမဟုတ်သည့် စကားသံ။ ဘာကြောင့်ရယ်မသိ ထိုစကားသံက မိမိတွက် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရသည်။ ဝမ်းနည်းမူကြောင့် ကျလုကျခင် မျက်ရည်စက်တို့ကို တစ်ဖက်သို့ခေါင်းလှည့်၍ မျက်တောင်ခတ်ကာ ပထုတ်လိုက်သည်။

ပျော့ညံ့လိုက်တာကွာ။ ဟန်စစ်မင်း မဟုတ်တဲ့အတိုင်းပါပဲလား။

ကိုယ့်အတွေးကို ကိုယ်သဘောကျကာ ဟန်စစ် နှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။

မင်းရွေးချယ်ခဲ့တဲ့လမ်း၊ မင်းဖန်တီးခဲ့တဲ့လမ်းအတွက် မင်းမျက်ရည်မကျသင့်ဘူး ဟန်စစ်။ မင်းရွေးချယ်ခဲ့တဲ့အရာကနေ ဖြစ်ပေါ်လာတဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို ခံနိုင်ရည်တော့ရှိရာမှာပေါ့။ ဘာလို့ဆို ဒါတွေက မင်းကိုယ်တိုင် ရွေးချယ်ခဲ့တဲ့အရာတွေပဲလေ။

တစ်ရံရောအခါ.....Where stories live. Discover now