Part ( 8 )

1.2K 72 2
                                    

သူများချစ်သူစုံတွဲတွေ လက်လေးတွဲပြီး မိမိရှေ့ကနေ ဖြတ်သွားတာမြင်ရင် ကိုယ့်အဖြစ်နဲ့ယှဉ်၍ လင်းခန့်ခေါင်းခါမိသည်။ ဟက်ပီးဝေါမှမပို့ရင် ဘယ်မှမသွားဘူးဆိုသော ကောက်စိန်လေးကြောင့် အင်လျားကန်သွားမည့် အစီအစဉ်ကိုဖြတ်၍ ဟက်ပီးဝေါသို့ပို့ပေးရသည်။ရောက်ထဲကဆော့နေလိုက်တာများ ချစ်သူဖြစ်တဲ့ ကိုယ့်တစ်ယောက်လုံးကို ရှိတယ်လို့တောင်မထင်။

" မောင်လေး သရဲအိမ် ဝင်ဦးမို့လား "

လက်မှတ်ရောင်းသော အမျိုးသမီးဝန်ထမ်းတစ်ဦးမှ မေးလိုက်ခြင်းဖြစ်သည်။ ဝန်ထမ်းတွေကတောင် မှတ်မိရလောက်တဲ့ထိ ဟက်ပီးဝေါကို ချောင်းပေါက်မတတ်လာသည် မထင်လိုက်လေနှင့်။ ခုမှကျွန်တော်တို့နှစ်ယောက်လာတာ သုံးခေါက်သာရှိပါသေးသည်။ ဝန်ထမ်းတွေမှတ်မိရသည့် အကြောင်းရင်းကတော့ သရဲအိမ်ကြီးပေါက်ကွဲမတတ် အော်နိုင်လွန်းသော ဟန်စစ်မင်းကြောင့်သာ ဖြစ်သည်။

" ဟီး ဟုတ်ကဲ့ အစ်မ လက်မှတ်နှစ်စောင်ပေးပါ "

ဝန်ထမ်းကောင်မလေး၏ အမေးကိုရယ်ပြ၍ လက်ကလေးနှစ်ချောင်ထောင်ပြီး ဖြေလိုက်သော ဟန့်အဖြေကြောင့် လင်းခန့်မျက်ခုံးတွန့်မိသည်။

" ဖြစ်ပါ့မလားမောင်လေးရဲ့ မောင်လေးက သရဲကြောက်တတ်တယ် မဟုတ်လား "

ကောင်မလေးက ဟန့်ကိုပြောပြီး မိမိအား စစ်ကူတောင်းသောသဘောနှင့် ကြည့်လာသောကြောင့် လင်းခန့်မနေသာတော့ဘဲ

" ဟန် သရဲအိမ်ထဲဝင်ဦးမို့လား ကိုယ်တို့ပြည်သူ့ရင်ပြင် သွားရအောင်လေ အဲ့မှာလည်းကစားကွင်းရှိတာပဲ "

" သရဲအိမ်ပဲဝင်ချင်တာ ဖြစ်ပါတယ်အစ်မရာ ကျွန်တော်နှစ်ခေါက်တောင်ရှိနေပြီပဲကို "

ဟန့်အပြောကြောင့် ကောင်မလေးလည်း မချိုမချဉ်ပြုံးပြ၍ လက်မှတ်နှစ်စောင် ဖြတ်ပေးနေရသောကြောင့် လင်းခန့်အားနာ၍သာ ပြုံးပြလိုက်သည်။

" အားးးးးးးးး "

ဟန်စစ်မင်းတို့ ဇာတ်လမ်းစပါပြီ။ အထဲဝင်ပြီး ဘယ်လောက်မှမကြာသေး မိမိခါးကိုဖက်၍ အော်နေလိုက်တာများ လည်ချောင်းကွဲမထွက်ပင်။ အပြင်ရောက်ရင်တော့ လည်ချောင်းတွေနာလိုက်တာဆိုပြီး မျက်နှာငယ်လေးနှင့် ညည်းပြတော့မည်။

တစ်ရံရောအခါ.....Where stories live. Discover now