Part ( 12 )

985 51 2
                                    

" ဟန် ကိုယ်ကျောင်းရောက်နေပြီ။ ညောင်နီမှာ စောင့်နေမယ် "

စာပို့ပြီး လက်ကနာရီကိုကြည့်လိုက်တော့ ၁၁နာရီခွဲနေပြီ။ လင်းခန့် ခုမှသက်ပြင်းချနိုင်တော့သည်။ ဒီနေ့က ဟန်စစ်တို့ ကျောင်းစတတ်သောနေ့ဖြစ်သည်။ အမှန်ဆို မိမိမနက်ထဲက ဟန်နဲ့တူတူလိုက်ခဲ့ချင်ပေမယ့် မနက်က ရုံးမှာ အရေးကြီးအစည်အဝေး ရှိတာကြောင့်မလိုက်ဖြစ်ခဲ့။ အစည်းအဝေးပြီးတော့ နေ့တစ်ဝက်ခွင့်တင်ကာ လိုက်လာခဲ့ခြင်းဖြစ်သည်။Busကားနဲ့ဆို ကြာမည်စိုး၍ အံ့မင်းသာဆီဖုန်းဆက်ကာ လိုက်ပို့ခိုင်းရပြန်သည်။ အိတ်ကပ်ထဲမှ ဖုန်းမြည်လာတာကြောင့် ကြည့်လိုက်တော့ ဟန့်ဆီမှ မက်ဆေ့ဖြစ်သည်။

" ဟုတ်ကဲ့ အစ်ကို ကျွန်တော် အတန်းပြီးရင် ထွက်လာခဲ့မယ် "

ဒီကလေး မိမိကို ယခုချိန်ထိ အစ်ကိုလို့ ခေါ်နေတုန်းပင်။ မိမိက ကိုကိုလို့ခေါ်ပါပြောတုန်းက ရှက်စရာကြီးဆိုကာ အမျိုးမျိုးစကားလမ်းကြောင်းလွှဲတတ်သည်။

" ငါ့ မှန်ကြောင်လေးလည်း ဘာတွေလုပ်နေမလဲ မသိဘူး "

Busကားပေါ်က ဆင်းလာသော ကျောင်းသား ကျောင်းသူအချို့ကိုကြည့်ကာ တွေတွေလေးပြောလာသော အံ့မင်းကို သူ ပခုံးပုတ်လိုက်၍

" သေချာတာပေါ့ မင်းမှန်ကြောင်လေးက ခုဆို သူ့ပီကာကျူးတွေနဲ့ ပျော်နေလောက်ပြီ "

" အေး မင်းပြောတာ ဖြစ်နိုင်တယ် လင်းခန့် "

" ဟားး "

သူ့စကားကိုသဘောကျကာ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ရယ်လိုက်ကြသည်။ ထို့နောက် ညောင်နီဆိုင်ထဲကိုဝင်၍ အပြင်ဘက်နားကခုံတွင် ထိုင်လိုက်ကြသည်။ သူတို့ထိုင်လိုက်တာနှင့် စားပွဲထိုးကောင်လေး ရောက်လာကာ မီနူးကဒ်ချပေးလာပြီး

" ဘာမှာမလဲ အစ်ကိုတို့ "

" ညီလေး အစ်ကို့ကို shark တစ်ဗူးပေး။ မင်းရော ဘာမှာဦးမလဲ "

စားပွဲထိုးကောင်လေးကိုပြောကာ တစ်ဆက်တည်း အံ့မင်းကို မေးဆတ်၍မေးလိုက်သည်။

" အစ်ကို့ကိုလည်း shark ပဲပေး ညီလေး "

" ဟုတ်ကဲ့ "

တစ်ရံရောအခါ.....Where stories live. Discover now