Part ( 20 )

903 49 4
                                    

ကိုယ်တိုင်ဓာတ်ပုံရိုက်ခံပြီးတာတောင် အားရကျေနပ်နိုင်ခြင်းမရှိသေးဘဲ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံလျှောက်ရိုက်နေသော ဟန့်အားကြည့်၍ သူခေါင်းသာယမ်းမိသည်။ မိမိချစ်သူက တစ်ခါတစ်ခါ အရွယ်လေးနဲ့မလိုက်အောင် တည်ငြိမ်ပြီး တစ်ခါတစ်ခါလည်း ကလေးတစ်ယောက်လို အဆော့မက်လွန်း၊ အပျော်မက်လွန်းသည်။ ဓာတ်ပုံလိုက်ရိုက်လိုက်၊ ကောင်မလေးချောချောမြင်ရင် မိမိကိုလက်ပုတ်ကာ ချောတယ်နော်ဟု စစ်ကူခေါ်နေသေးသည်။ မိမိကို သူ့ချစ်သူဆိုတာတောင် သတိရရဲ့လားမသိ။

" ဟိုမှာ ခန့်ကျော်တို့ မဟုတ်လား "

ဟန်လက်ညှိုးညွှန်ပြရာကို သူကြည့်လိုက်တော့ ကျားရုပ်ရှေ့အကျအနထိုင်ကာ ပိုစ့်ပေးနေသော ခန့်ကျော်နဲ့ မလှမ်းမကမ်းတွင် မည်သူကမျှ မခိုင်းစေပါဘဲ တာဝန်နဲ့ဝတ္တရားအရ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ပေးနေသော မိမိသူငယ်ချင်း အံ့မင်းကိုတွေ့ရသည်။ မိမိတို့သူငယ်ချင်းနှစ်ယောက်လည်း ဒီကလေးနှစ်ယောက်နဲ့တွေ့မှ အတော်လေးကို အပိုးကျိုးနေသလိုပင်။

" အစ်ကို ခန့်ကျော်တို့ဆီ သွားရအောင် "

အပြောထက် ခြေလှမ်းကမြန်သော ဟန့်ကို အမြန်လက်လှမ်းဆွဲလိုက်ကာ

" ဘာသွားလုပ်မို့လဲ ဟန်ရ။ သူတို့ဘာသာ အေးဆေးနေပါစေ "

မိမိအပြောကို မျက်မှောင်ကြုတ်ကာ

" သူငယ်ချင်းဆီ သွားတာပဲ။ ဘာသွားလုပ်ရမှာလဲ "

ခွန်းတုန့်ပြန်လာသောစကားကြောင့် သူပြုံးလိုက်ရင်း

" ဟန်ပဲ သူတို့နှစ်ယောက်ကို အောင်သွယ်ပေးမယ်ဆို။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေလို့ရအောင် လွှတ်ထားလိုက်ပါ။ တော်ကြာ ကိုယ်တို့နှစ်ယောက် ရောက်သွားမှဖြင့် အောင်သွယ်ပေးရာမရောက်ဘဲ သူတို့ကြားသွားရှုပ်ရာ ရောက်နေဦးမယ် "

ဟုတ်သည်လေ။ ဟိုကောင်လေးက ဟန့်ကိုမြင်ရင် အနားကမခွာတော့ဘဲ ကပ်နေမှာ။ မိမိသူငယ်ချင်းလည်း ထိုကောင်လေးနားကို ကပ်ခွင့်ရမည် မဟုတ်သလို မိမိလည်း ဟန့်နား ကပ်ခွင့်ရမည် မဟုတ်ပေ။ သူလေးက သူငယ်ချင်းတွေ့ရင် မိမိကို အကပ်ခံသည်မဟုတ်တော့။ ဒါကြောင့် မိမိလည်းအဆင်ပြေ သူငယ်ချင်းလည်း အဆင်ပြေအောင် သူတို့နှစ်ယောက်ကို ခွဲထားမှရမည်။

တစ်ရံရောအခါ.....Where stories live. Discover now