Part ( 33 )

1K 36 2
                                    

လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်။

လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်။

လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်။

နေ့စဉ်ရက်ဆက် သူဖုန်းခေါ်လိုက်တိုင်း စက်ပိတ်ထားပါသည်ဆိုသော တစ်ဖက်ဖုန်းမှပြန်ဖြေသံက ပြောင်းလဲမသွားချေ။ မြောက်များစွာပို့ထားသော စာတိုပေါင်းများစွာကလည်း ပြန်လည်စာပြန်လာခြင်းမရှိသလို Seenလည်းမပြပေ။

ဘာလို့လဲ ... မိမိကို စိတ်ကုန်သွားပြီလား။ တမင်အဆက်အသွယ်ဖြတ်ခဲ့တာလား

မတွေးချင်ပေမယ့် တစ်ခါတစ်ခါအတွေးထဲ ရောက်ရောက်လာသော ထိုအတွေးများကြောင့် ရင်နာရသည်။

ဟန် အဆင်ပြေရဲ့လား

ဟန် နေမကောင်းဘူးလား

ဟန် ကိုယ့်ကိုယ် စိတ်ဆိုးနေတာလား

ဟန် ကိုယ့်ကိုယ် စာပြန်ပါဦး

ဟန် ဘယ်တွေရောက်နေတာလဲ

ဟန် ဘာပြဿနာတွေဖြစ်နေလို့လဲ

ဟန် ကိုယ်စိတ်ပူနေလှပြီ။ ကိုယ့်ကိုယ်ဆက်သွယ်ဦး

ဟန် ......

ဟန် ......

ဟန် ......

ဟန် ......

ဟန် ......

စသောပေးပို့ထားသည့် ဖုန်းမျက်နှာပြင်ထက်က ဖတ်သူမရှိသောစာပေါင်းများစွာက မိမိကိုလှောင်ပြောင်နေသလိုပင်။ ကိုယ့်ဘက်ကမှားခဲ့သည်ထားဦး မိမိကိုတော့ ယခုကဲ့သို့အဆက်အသွယ်မဖြတ်ထားသင့်ပေ။ အကျိုးအကြောင်းလေးတော့ ဖုန်းဆက်ပြောသင့်သည်မဟုတ်ပါလား။ ယခုတော့ စာမလာ သတင်းမကြားနှင့် ပျောက်ချက်သားကကောင်းလွန်းနေသည်။

ခန့်ကျော်ကို ဟန့်အိမ်လိုက်သွားစေကာ စုံစမ်းပြန်တော့ မော်လမြိုင်က ဦးလေးဆီလိုက်သွားသည်ကလွဲရင် ကျန်တာမသိရပေ။ ဖုန်းကမေ့ကျန်ခဲ့ပြန်သည်တဲ့။ ယခုချိန်ထိ သူပြန်ရောက်မလာသေးဘူးလား။ တစ်ခုခုများဖြစ်နေလို့လား။

တစ်ရံရောအခါ.....Where stories live. Discover now