Part ( 4 )

2K 86 0
                                    

" ဟန်စစ် ထမင်းသွားစားရအောင်လေ "

" စားနှင့် မမသဇင် ကျွန်တော် ဒီစာရင်းပြီးမှပဲ စားတော့မယ် "

" ၁၂ထိုးနေပြီလေ ဟန်စစ်ရဲ့ စားပြီးပြန်လာမှ ဆက်လုပ်လေ "

" အလုပ်ပြီးမှပဲ စားတော့မယ် မမမြတ် စာရင်းကပြီးကာနီးနေပြီ "

" ကဲ ဒီကောင် အလုပ်ဂျပိုးဆိုတာသိရဲ့နဲ့။ ခေါ်လို့မရတာကို အတင်းခေါ်နေကြတယ်။ ခေါ်စေချင်နေတဲ့ ငါ့ကျတော့ မခေါ်ကြဘူး "

ဦးမောင် စကားကြောင့် မမသဇင်က

" ဦးမောင်ကို သဇင်တို့ခေါ်စရာ မလိုဘူးလေ။ အန်တီသင်းက ခေါ်မှာပေါ့။ ဟုတ်တယ်မလား … တီသင်း "

မမသဇင်စကားကြောင့် အားလုံး ပြုံးစိစိ ဖြစ်ကုန်၏။ကျွန်တော်တို့အလုပ်တွင် ဦးမောင်နဲ့ တီသင်းက အသက်အကြီးဆုံးဖြစ်သည့်အပြင် အပျိုကြီး လူပျိုကြီးမို့ အားလုံးက ဝိုင်းလှော်ကြစမြဲပင်

" ကိုယ့်မြှား ကိုယ်နိုင်အောင် ထိန်းဟေ့ ငါ့ဘက်လှည့်မလာနဲ့ "

" ဟားးးးးး "

တီသင်းစကားကြောင့် အကုန်လုံး ဝါးလုံးကွဲ ရယ်မောကုန်ကြသည်။

" ကဲ ဟန်စစ်ရေ ဦးမောင်တို့ ထမင်းသွားစားတော့မယ် "

" ဟုတ်ကဲ့ ဦးလေး "

အားလုံးထွက်သွားတော့ ဟန်စစ်တစ်ယောက် ကွန်ပျူတာတစ်လုံးနှင့် စာရင်းတွေကြား ပြန်ပြီး အလုပ်ရှုပ်နေလေတော့သည်။

~~~~~~~~

တင်းတောင် တင်းတောင်

အဆက်မပြတ် မြည်နေသော ဘဲလ်သံကြောင့် လင်းခန့်နိုင် တစ်ယောက် ခေါင်းအုန်းအောက်ထဲ ခေါင်းကိုထိုးထည့်၍ ဘေးကိုလက်နှစ်ဖက်နှင့် ဖိထားပြီး ဆက်အိပ်နေလိုက်သည်။

တင်းတောင် တင်းတောင်

ထပ်မံပေါ်ထွက်လာတဲ့ ဘဲလ်သံကြောင့် လင်းခန့် စိတ်ရှုပ်လာသည်။

" ကျစ်! အေးဆေးမအိပ်ရဘူး "

ရှုပ်ပွနေသောခေါင်းကို တဗျင်းဗျင်းကုတ်၍ အိပ်ယာမှထလိုက်လေသည်

တစ်ရံရောအခါ.....Where stories live. Discover now